ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ဈေးရပ်ကွက်၊ လူငယ်ခန်းမ၌ ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းခြင်း၊ လက်တွေ့စမ်းသပ် မဲပေးခြင်းနှင့် မဲရလဒ်များထုတ်ပြန်ခြင်းလုပ်ငန်းစဉ်များ အသိပညာပေး အခမ်းအနားကျင်းပပြုလုပ်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ဈေးရပ်ကွက်၊ လူငယ်ခန်းမ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒေသခံပြည်သူ များအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း၊ လက်တွေ့စမ်းသပ် မဲပေးခြင်းနှင့် မဲရလဒ်များ ထုတ်ပြန်ခြင်းလုပ်ငန်းစဉ်များ အသိပညာပေး အခမ်းအနားသို့ ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်း ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန် ရှိသူများနှင့်အတူ တက်ရောက် လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အသေးစိတ်အချက်အလက်များဖတ်ရှုရန်...