ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသော အငြိမ်းစားဝန်ထမ်းတို့ကို Biometric Data ကောက်ယူခြင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသော အငြိမ်းစားဝန်ထမ်းတို့ကို UID လုပ်ငန်းဖြစ်သော Biometric Data ကောက်ယူခြင်း ဆောင်ရွက်နေမှုအား ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း ဦးဆောင်၍ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။