၂၀၂၅ ခုနှစ်၊ မေလ ၂၅ ရက် နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်ရှိ ဒေါက်တာလှဘေ ပညာပါရမီစာကြည့်တိုက်၌ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (မွန်ပြည်နယ်) ယာယီရုံးခန်းဖွင့်လှစ်ခြင်းနှင့် ငလျင်ဘေးအလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်ဂီတအစည်းအရုံးအသင်းဝင်များနှင့်အတူ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။