ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်‌ရေးအတွက် Abate ဆေးခတ်နေမှု အခြေအနေတို့အား ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ် မေလ ၂၂ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးကျော်သည် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ပတ္တမြားကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာကော်မတီမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စု အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းဝင်များနှင့်အတူ မင်္ဂလာဒုံမြို့နယ်ရှိ အိမ်ခြေ ၉၀ အိမ်တို့အား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်‌ရန် အတွက် Abate ဆေးခတ်ခြင်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။