၂၀၂၅ ခုနှစ် မေလ ၂၂ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄) ရပ်ကွက်၊ အမှတ်(၅) ရပ်ကွက်တို့ရှိ ပုဂ္ဂလိက ဆေးရုံများနှင့် အထူးကုဆေးခန်းများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ် ဆောင်ရွက်ခြင်း ရှိ/ မရှိ တို့ကို မြို့နယ်ပုဂ္ဂလိကကျန်းမာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး သည် မြို့နယ်ပုဂ္ဂလိကကျန်းမာရေး ကြီးကြပ်မှုကော်မတီဝင်များ၊ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။