ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်ရှိ လားရှိုးတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် လားရှိုးတက္ကသိုလ် အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြုလုပ်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုး မြို့နယ်ရှိ လားရှိုးတက္ကသိုလ်အား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း ဦးဆောင်၍ တက္ကသိုလ်ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ အင်ဂျင်နီယာများနှင့်အတူ အစည်းအဝေးတွင် လိုအပ်သည့်အစီအမံများ၊ လုပ်ငန်းစဉ်များအလိုက် Estimate များ အမြန်တွက်ချက်တင်ပြသွားရန်နှင့် အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။