ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ မွေတော်ရပ်ကွက်ရှိ နမ့်ယွန်းခန်းမ၌ (၂၀-၅-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ် သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသက်နိုင်(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ အကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ စုစုပေါင်း အင်အား (၈၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက သင်တန်းသူ(၂၄)ဦးတို့အား သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။