ပေါ်ဆန်းရင်(RS)မျိုးစေ့ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ (၁၇-၅-၂၀၂၄)ရက်၊ (၁၀၃၀)အချိန်တွင် ၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီ ပေါ်ဆန်းရင်စီးပွားဖြစ်မျိုးသန့်ဧက (၅၀) ထုတ်လုပ်ရေးအတွက် အကျိုးဆောင်တောင်သူများအား ပေါ်ဆန်းရင်(RS)မျိုးစေ့ ထောက်ပံ့ ပေးအပ်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။