၂၀၂၄-၂၀၂၅ ပညာသင်နှစ် မူဆယ်မြို့၊ အထက(မန့်ဝိန်း) နှင့် မူလွန်(စွမ်စော်)ကျောင်းများ တွင် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်လင်း (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ (၂၄-၅-၂၀၂၄)ရက်နေ့၊ (၀၉၀၀) အချိန်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မူဆယ်မြို့၊ အထက(မန့်ဝိန်း)နှင့် မူလွန်(စွမ်စော်)ကျောင်းများတွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပနေမှုအခြေအနေ အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။