မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ်(၅)ရပ်ကွက်၊ နားဆည်ဘုန်းကြီး ကျောင်းဝင်းအတွင်း၌ (၁၇-၅-၂၀၂၄)ရက်၊ (၀၈၀၀)အချိန်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား (၁၅၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ကျွန်း(၁၅၀)ပင်၊ မဲဇလီ(၁၀၀)ပင်၊ စိန်ပန်းပြာ (၁၀၀)ပင်၊ စိန်ပန်းနီ(၁၀၀)ပင်နှင့် မန်ဂျန်ရှား(၁၅၀)ပင် စုစုပေါင်း (၆၀၀)ပင်စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။