“ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ် စိုက်ထူခြင်းအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ အ.ထ.က(၂) အခြေခံပညာအထက်တန်းကျောင်း၌ (၂၃-၅-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်တွင် “ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာ သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်း (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် ပညာရေးမှူးနှင့် ဆရာ/ ဆရာမများတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။