ရွှေထီးတော်၊ စိန်ဖူးတော်တင်လှူပူဇော်ခြင်းအထိမ်းအမှတ် မုဒ်ဦးဖွင့်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ အရှေ့ကျေးရွာအုပ်စု၊ ဟိုဖိုင်ကျေးရွာ၊ ကုန်းပင်းဘုန်းတော်ကြီးကျောင်းတိုက်၌ (၂၀-၅-၂၀၂၄)ရက်၊ (၀၈၀၀)အချိန်တွင် ကောင်းမူး ငင်းလုံ မဟာဗောဓိဗုဒ္ဓဂယာစေတီတော်နှင့် ဂုဏပီယဓာတုစေတီတော် ရွှေထီးတော်၊ စိန်ဖူးတော် တင်လှူပူဇော်ခြင်းအထိမ်းအမှတ် မုဒ်ဦးဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဩဝါဒနှင့်အဖွဲ့ဝင်များ၊ ဆရာတော်၊ သံဃာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့် (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ အကြီးအကဲများ၊ ပွဲကျင်းပရေး ဗဟိုကော်မတီနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် အလှူရှင်များ စုစုပေါင်းအင်အား (၆၀၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။