သတင်းများ
သတင်းများ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ အ.ထ.က(တာပွန်)ကျောင်းတွင် ကျင်းပ ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UIDကတ် ထုတ်ပေးခြင်းအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်၊ နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်း မြို့နယ်၊ အ.ထ.က(တာပွန်)ကျောင်းတွင် ကျင်းပပြုလုပ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်နှင့် UIDကတ်ထုတ်ပေးခြင်းအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ရွှေသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဆရာ/ မများ၊ ကျောင်းသား/သူများနှင့်အတူ တက်ရောက်ခဲ့ပြီး ကျောင်းသား/ သူများ စုစုပေါင်း ၈၅ ဦး တို့အား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်
အပြည့်အစုံဖတ်ရန် →
သတင်းများ
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ခရိုင်အဆင့်သက်ဆိုင်ဌာနများမှ တာဝန်ရှိသူများ၊ သင်တန်းသား/ သူများ စုစုပေါင်းအင်အား ၄၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်
အပြည့်အစုံဖတ်ရန် →
သတင်းများ
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဟံသာဝတီအစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းအမှတ်စဉ်(၂/၂၀၂၆)တွင် သင်ခန်းစာဘာသာရပ်များ ဆွေးနွေးပို့ချ
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်၊ နေ့လယ် ၁ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဟံသာဝတီအစည်းအဝေးခန်းမ၌ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်သည် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်းအင်အား ၅၂ ဦးတို့ တက်ရောက်လျက်ရှိသည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းအမှတ်စဉ် (၂/၂၀၂၆)တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုင်တွယ်ကျင့်သုံးလျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေ ဘာသာရပ်များအား ဆွေးနွေးပို့ချခဲ့ကြောင်း သတင်းရရှိပါသည်
အပြည့်အစုံဖတ်ရန် →
သတင်းများ
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်သည့် (၁၅)ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်၊ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်သည့် (၁၅)ကြိမ်မြောက် တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး၊ မန္တလေးပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဆန်းလွင်ဦးနှင့် ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ တိုင်းရင်းဆေးသမားတော်များ၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ဆရာ/ မများ၊ ခရိုင်/ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများ၊ ခရိုင်/ မြို့နယ်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား ၁၅၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်
အပြည့်အစုံဖတ်ရန် →
သတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၂၈)အတွက် ပို့ဆောင်အပ်နှံမည့်သင်တန်းသားများအား တွေ့ဆုံအားပေး
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်၊ နံနက် ၁၂ နာရီ ၃၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ပြည်သူ့ စစ်မှုထမ်းအပတ်စဉ်(၂၈)အတွက် ပို့ဆောင်အပ်နှံမည့် သင်တန်းသားများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များမှ တွေ့ဆုံ၍ အားပေးစကားပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်
အပြည့်အစုံဖတ်ရန် →
သတင်းများ
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း(၂/၂၀၂၆)တွင် တက်ရောက်နေသည့်သင်တန်းသားများအား ထောက်ပံ့ပေးအပ်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်၊ နေ့လယ် ၁ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေး ခရိုင်၊ ဒက္ခိဏသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၂/၂၀၂၆)သင်တန်းသို့ နေပြည်တော်ကောင်စီအတွင်းရေးမှူး/ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းနှင့် အဖွဲ့သည် လယ်ဝေးခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ သွားရောက်၍ သင်တန်းတက်ရောက် လျက်ရှိသည့် သင်တန်းသား ၇၇ ဦးတို့အတွက် ထောက်ပံ့ငွေ ၅၀၀၀၀ဝိ/- ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်
အပြည့်အစုံဖတ်ရန် →
သတင်းများ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ခရိုင်လမ်းဦးစီးရိပ်သာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ခရိုင်ပေါင်းစုံအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ကျောက်ဆည်ခရိုင်အသင်းအား ဂုဏ်ပြုဆု ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ခရိုင်လမ်းဦးစီးရိပ်သာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက် ၁၉ နှစ်အောက် ခရိုင်ပေါင်းစုံအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ကျောက်ဆည်ခရိုင် အသင်းအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဟိန်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အားကစားနှင့်ကာယဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၌ ခရိုင်/ မြို့နယ်အတွင်းရှိ ဟောင်းနွမ်းပျက်စီးနေသည့် ဆိုင်းဘုတ်များ၊ ရက်လွန်နေသည့် ကြော်ငြာဆိုင်းဘုတ်များ အမြန်ဆုံးဖြုတ်သိမ်းနိုင်ရေးဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်၊ နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၌ ခရိုင်/ မြို့နယ်အတွင်းရှိ လမ်းမကြီးဘေးတစ်လျှောက်တွင် စိုက်ထူထားသည့် ဟောင်းနွမ်းပျက်စီးနေသည့် ဆိုင်းဘုတ်များ၊ ရက်လွန်နေသည့် ကြော်ငြာဆိုင်းဘုတ်များ အမြန်ဆုံးဖြုတ်သိမ်းနိုင်ရေးဆောင်ရွက်နေမှု အခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်
အပြည့်အစုံဖတ်ရန် →
သတင်းများ
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(မန္တလေး)၌ ဖွင့်လှစ်သည့် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (မန္တလေး)၌ ဖွင့်လှစ်သည့် စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/ သူများ စုစုပေါင်းအင်အား ၃၆ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်
အပြည့်အစုံဖတ်ရန် →
သတင်းများ
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ အထက(တံတားဦး)ကျောင်း၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦး မြို့နယ်၊ အထက(တံတားဦး)ကျောင်း၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုများအထိမ်းအမှတ်အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များ၊ ဆရာ/ မများ၊ ကျောင်းသား/ သူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား ၂၀၀ ဦးတို့တက်ရောက်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများမှ ကျောင်းသား/ သူများ၊ မိဘများနှင့်ပူးပေါင်း၍ လက်တွေ့သရုပ်ပြဆောင်ရွက်နေမှုများနှင့် အာဟာရကျွေးမွေးခြင်း၊ သံချဆေး တိုက်ကျွေးခြင်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်
အပြည့်အစုံဖတ်ရန် →
သတင်းများ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ နန်ကျင်ကျေးရွာအုပ်စု၊ နန်ကျင်ကျေးရွာ၊ ကွင်းအမှတ် (၆၀)၊ ဦးပိုင်(၈၁/၁)ရှိ တောင်သူဦးခေါတိုက်၏ ငွေတိုးမျိုးစပါးစိုက်ခင်းဖြစ်ထွန်းနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်၊ နံနက် ၁၁ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနား မြို့နယ်၊ နန်ကျင်ကျေးရွာအုပ်စု၊ နန်ကျင်ကျေးရွာ၊ ကွင်းအမှတ်(၆၀)၊ ဦးပိုင်(၈၁/၁)ရှိ တောင်သူဦးခေါတိုက်၏ ငွေတိုးမျိုးစပါးစိုက်ခင်းဖြစ်ထွန်းနေမှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းသည် ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်
အပြည့်အစုံဖတ်ရန် →
သတင်းများ
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အခမ်းအနားမှူး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်၊ နံနက် ၈ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော် မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်အစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစောဟူးဟူး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်
အပြည့်အစုံဖတ်ရန် →