သတင်းများ

သတင်းများ
21 Oct, 2026

မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် မေခဝန်ထမ်းအိမ်ရာ RC ၄ ခန်းတွဲ ၄ ထပ် ဆောက်လုပ်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်၊ နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့် တောင်တန်းအင်ပါယာကုမ္ပဏီက တာဝန်ယူဆောင်ရွက်သည့် မေခဝန်ထမ်းအိမ်ရာ RC ၄ ခန်းတွဲ ၄ ထပ် ဆောက်လုပ်နေမှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းသည် ခရိုင်တည်ဆောက်ရေးလုပ်ငန်းများကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ တည်ဆောက်စေရေးနှင့် သတ်မှတ်အချိန်အတွင်းပြီးစီးစေရေးတို့အား ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
21 Oct, 2026

မြိတ်မြို့နယ်၊ မြိတ်မြို့၊ ပြည်သူ့ဆေးရုံကြီး၌ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ (၃၈)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အကြိုအဖြစ် ကျင်းပပြုလုပ်သည့် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်၊ နံနက် ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ မြိတ်မြို့၊ ပြည်သူ့ဆေးရုံကြီး၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၈)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အကြိုအဖြစ် ကျင်းပပြုလုပ်သည့် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးဦးသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်တို့နှင့်အတူ တက်ရောက်ခဲ့ပြီး သွေးလှူဒါန်းခဲ့သည့် ဝန်ထမ်း ၁၀ ဦးတို့အား အာဟာရပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
21 Oct, 2026

ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး၌ (၃၈)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်၊ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ ခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ (၃၈)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး၊ ခရိုင်/ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁၅၅ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
21 Oct, 2026

တံတားဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဝါသီးနှံအတွက် ချေးငွေထုတ်ချေးခြင်းအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်၊ ညနေ ၄ နာရီ ၃၀ ချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိ‌ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဝါသီးနှံအတွက် ချေးငွေ ထုတ်ချေးခြင်းအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ငါးဇင်ရိုင်းကျေးရွာအုပ်စုမှ ဝါသီးနှံချေးငွေထုတ်ယူသူတောင်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
21 Oct, 2026

လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသည့် ပြည်သူ့စာကြည့်တိုက်လုပ်ငန်းနှင့် လူထု အခြေပြုဗဟိုဌာန၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်၊ နံနက် ၉ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဖွင့်လှစ်ထားရှိသည့် ပြည်သူ့စာကြည့်တိုက်လုပ်ငန်းနှင့် လူထုအခြေပြုဗဟိုဌာန၏ လုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ သက်ဆိုင်ရာ ဌာနများမှတာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
21 Oct, 2026

မော်လမြိုင်မြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁)၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချ ပေးနေမှုနှင့် ပင်စင်လစာများထုတ်ပေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်၊ နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ မော်လမြိုင်မြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁)၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ လူမှုစီးပွားဘဝအဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုနှင့် ပင်စင်လစာများထုတ်ပေးနေမှုအခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
20 Oct, 2026

မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာအုပ်စု၊ တူးလိန်ကွင်းနှင့် ဒိန်ရှာကွင်းရှိ မိုးစပါးစိုက်ပျိုးသည့် တောင်သူများနှင့်တွေ့ဆုံ၍ အယ်လ်နီညိုရာသီဥတုဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲပြုလုပ်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်၊ နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာအုပ်စု၊ တူးလိန်ကွင်းနှင့် ဒိန်ရှာကွင်းရှိ မိုးစပါးစိုက်ပျိုးသည့် တောင်သူများနှင့်တွေ့ဆုံ၍ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ တောင်သူများအား စိုက်ပျိုးရေ စနစ်တကျချွေတာသုံးစွဲနိုင်ရေးနှင့် သိုလှောင်ထိန်းသိမ်း စိုက်ပျိုးဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
20 Oct, 2026

မြိတ်မြို့၊ ကန်ဖျားရပ်ကွက်၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၃) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်၊ နံနက် ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ မြိတ်မြို့၊ ကန်ဖျားရပ်ကွက်၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၃)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးဦးသည် မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
20 Oct, 2026

မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၃) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်၊ နေ့လယ် ၁၀ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၁၃)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများ စုစုပေါင်းအင်အား ၇၅ ဦးတို့ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
20 Oct, 2026

မူဆယ်မြို့နယ်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ်(၇)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများ၊ ဧည့်သည်တော်များ စုစုပေါင်းအင်အား ၁၀၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
20 Oct, 2026

သရက်မြို့နယ်၊ ကိုးပင်ကျေးရွာအုပ်စု၊ မုံဇလီကျေးရွာ၊ တောင်သူ ဦးလှသိန်းပါ ၁၇ ဦးတို့မှ စိုက်ပျိုးထားသော မိုးစပါး(အောင်နိုင်တိုး) အထွက်တိုးစံပြကွက်၌ ရိတ်သိမ်း ချွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေး

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်၊ နံနက် ၈ နာရီတွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ကိုးပင်ကျေးရွာအုပ်စု၊ မုံဇလီကျေးရွာ၊ ကွင်းအမှတ်(၅၂)၊ ကိုးပင်ကွင်း၊ ဦးပိုင်အမှတ်(၂၅၃)၊ ဧရိယာ ၂.၂၅ ဧကတွင် တောင်သူ ဦးလှသိန်းပါ ၁၇ ဦးတို့မှ စိုက်ပျိုးထားသော မိုးစပါး(အောင်နိုင်တိုး) အထွက်တိုးစံပြကွက်၌ ရိတ်သိမ်းချွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ စုစုပေါင်းအင်အား ၅၀ ဦးတို့ နှင့်အတူ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
20 Oct, 2026

ညောင်ဦးခရိုင် ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ (၃၈)နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် စုပေါင်း သွေးလှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၈)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် ခရိုင်/ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌတို့မှ တက်ရောက်ခဲ့ပြီး သွေးလှူဒါန်းသည့်ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်း ၅ မျိုး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →