← Home
GAD news 21 Oct, 2026

မော်လမြိုင်မြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁)၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချ ပေးနေမှုနှင့် ပင်စင်လစာများထုတ်ပေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်၊ နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ မော်လမြိုင်မြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁)၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ လူမှုစီးပွားဘဝအဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုနှင့် ပင်စင်လစာများထုတ်ပေးနေမှုအခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။