ထုတ်ပြန်ကြေညာချက်များ
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် 1267 မှ ဆုံးဖြတ်ချက်အမှတ်ဖြင့် ထုတ်ပြန်ထားရှိသည့် လူပုဂ္ဂိုလ်အမည် စာရင်းများအား သိရှိနိုင်ပါရန် ထုတ်ပြန်ကြေညာခြင်း
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် 1267 နှင့် လူအများအပြားသေကျေစေသည့် လက်နက်များ ပြန့်ပွားရေးနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်အမှတ် 1718 တို့အား အသိပေးဖော်ပြအပ်ပါသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် 1267 မှ ဆုံးဖြတ်ချက်အမှတ် SC/16323 နှင့် ဆုံးဖြတ်ချက်အမှတ် SC/16324 ဖြင့် ထုတ်ပြန်ထားရှိသည့် လူပုဂ္ဂိုလ်အမည် စာရင်းများအား သိရှိနိုင်ပါရန် ထုတ်ပြန်ကြေညာခြင်း
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် 1267မှ ဆုံးဖြတ်ချက်အမှတ် SC/16323 နှင့် ဆုံးဖြတ်ချက်အမှတ် SC/16324 ဖြင့် ထုတ်ပြန်ထားသော လူပုဂ္ဂိုလ်များ၏ စာရင်းများကို သိရှိနိုင်ရေးအတွက် အသိပေးဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်းခြင်း
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေအမှတ် ၁၆/၂၀၂၆ ဖြင့် ၂၀၂၆ ခုနှစ်၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်၍ အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ပါရန် ဖော်ပြအပ်ပါသည်။
ကြေညာချက်
ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဆောင်ရွက်နိုင်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း(၁)ခုနှင့် အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်ရေးလုပ်ငန်း(၂)ခုတို့သည် ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အပေါ် ပြန်လည်ပြင်ဆင် ရမည့်အချက်များ အကြောင်းကြားခဲ့သော်လည်း နေ့စဉ်ရောင်းချမှုစာရင်းကို တိကျပြည့်စုံစွာ ပြုစု မှတ်တမ်းတင်ရန်ပျက်ကွက်ခြင်း၊ သံသယဖြစ်ဖွယ် ပုံမှန်မဟုတ်သောငွေကြေးလွှဲပြောင်းမှု (Suspicious Transaction Report- STR) နှင့် သတင်းပို့ရန် သတ်မှတ်ငွေပမာဏထက် ကျော်လွန်သောဆောင်ရွက်မှု (Threshold Transaction Report- TTR) များကို ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (Financial Intelligence Unit-FIU)သို့ သတင်းပေးပို့ရန်ပျက်ကွက်ခြင်းတို့ကြောင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၇၊ ပုဒ်မခွဲ(ဃ)အရ အသိအမှတ်ပြုမှတ်ပုံတင် လက်မှတ်ထုတ်ပေးခြင်းကို (၃)လဆိုင်းငံ့သည့် ကြီးကြပ်အရေးယူမှုကို ဆောင်ရွက်ထားကြောင်း ကြေညာအပ်ပါသည်။
အသင်းအဖွဲ့များအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်းများ အလွဲအသုံးချမခံရစေရေး ညွှန်ကြားချက်
အသင်းအဖွဲ့များအနေဖြင့် အသင်းအဖွဲ့ပိုင် ငွေကြေးသုံးစွဲမှုကိစ္စရပ်များတွင် ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုများအား ငွေကြေးထောက်ပံ့ခြင်းများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ပတ်သက်ဆောင်ရွက်ခြင်းမပြုလုပ်ရန်နှင့် ပြုလုပ်ကြောင်းတစ်စုံတစ်ရာ စစ်ဆေးတွေ့ရှိပါက တည်ဆဲ ဥပဒေအရ အရေးယူခြင်းခံရနိုင်သည်ကို သိရှိသတိပြုနိုင်ပါရန် အသိပေးအကြောင်းကြားခြင်း
မှတ်ပုံတင်လက်မှတ်ရရှိထားသော အသင်းအဖွဲ့များက လိုက်နာရမည့်သတ်မှတ်ချက်များ
ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့သည် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၄၀ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ မှတ်ပုံတင်လက်မှတ်ရရှိထားသော အသင်း အဖွဲ့သည် မူလရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်ကို ပြောင်းလဲလုပ်ကိုင် ဆောင်ရွက်ရာတွင်ဖြစ်စေ၊ ကျော်လွန် ဆောင်ရွက်ရာတွင်ဖြစ်စေ ဆောင်ရွက်ရမည့် အချက်များ၊ အသင်းအဖွဲ့ဖျက်သိမ်းခြင်း၊ အသင်းအမည် ပြောင်းလဲခြင်း၊ အသင်းလိပ်စာပြောင်းလဲခြင်းပြုလုပ်လိုပါက လိုက်နာရမည့်အချက်များအား သတ်မှတ်လိုက်သည်။
ခရိုင်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက်ထုတ်ပြန်ခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူ့ကောင်စီအဆင့်ဆင့်နှင့် အလုပ်အမှုဆောင်အဖွဲ့အဆင့်ဆင့်တို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်ဥပဒေပုဒ်မ ၁၃၆ ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ခရိုင်အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်အား ထုတ်ပြန်လိုက်သည်။
မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်ထုတ်ပြန်ခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူ့ကောင်စီအဆင့်ဆင့်နှင့် အလုပ်အမှုဆောင်အဖွဲ့အဆင့်ဆင့်တို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်ဥပဒေပုဒ်မ ၁၃၆ ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်အား ထုတ်ပြန်လိုက်သည်။