သတင်းများ
သတင်းများ
မင်းဘူးမြို့၊ နမ္မဒါဘိုးဘွားရိပ်သာရှိ သက်ကြီး ဘိုးဘွားများအား အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ်အနေဖြင့် ထောက်ပံ့ငွေ လှူဒါန်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေအား ကြည့်ရှုအားပေး
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ နံနက် ၈ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ မင်းဘူးမြို့နယ်၊ မင်းဘူးမြို့၊ နမ္မဒါဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွားများအား အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ်အနေဖြင့် သက်ကြီးဘိုးဘွား ၁၅ ဦးအတွက် တစ်ဦးလျှင် လှူဒါန်းငွေ ၁၀,၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၄၉၂,၀၀ဝ ကျပ်၊ အချိုရည်၊ အာဟာရမုန့်များ ထောက်ပံ့လှူဒါန်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာန ဆိုင်ရာများမှတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မြင်းခြံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဘိုးဘွားရိပ်သာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် “အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့” အထိမ်းအမှတ်အဖြစ် သက်ကြီး ဘိုး/ ဘွားများအားပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ မြင်းခြံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဘိုးဘွားရိပ်သာဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် “အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့” အထိမ်းအမှတ်အဖြစ်သက်ကြီးဘိုး/ ဘွားများအား ပူဇော်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်းအင်အား ၃၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ချမ်းမြသာစည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်လျက်ရှိသည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၃/၂၀၂၆)၌ သင်ခန်းစာဘာသာရပ်များ ဆွေးနွေးပို့ချ
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ဖွင့်လှစ်လျက်ရှိသည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများလုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း(၃/၂၀၂၆)၌ သင်တန်းသားများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ညွန့်သည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ၊ မူဝါဒပိုင်းဆိုင်ရာများနှင့် လမ်းညွှန် ချက်များအား ဆွေးနွေးပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မွန်ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၆၂)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်ခန်းမ၌ ကျင်းပ ပြုလုပ်သည့် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ အဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး ဆုရရဲတပ်ဖွဲ့ဝင်များအား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံ မြို့နယ်၊ ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်နှင့် အရာရှိကြီးများသည် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်လင်း၊ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူး၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စုစုပေါင်းအင်အား ၃၀၀ ဦးနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
တောင်တွင်းကြီးမြို့နယ်၊ ငမင်ကျေးရွာအုပ်စု၊ ညောင်နီကျေးရွာ၊ ကွင်းအမှတ်(၂၇၈၆၊ ရွှေမော်ဓောကွင်း)တွင် ဝါစိုက်တောင်သူ ဦးဇော်မင်းဦး၏ စိုက်ခင်းအတွင်း ဝါပင်များ စိုက်ပျိုးဖြစ်ထွန်းနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်၊ ညနေ ၄ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ငမင်ကျေးရွာအုပ်စု၊ ညောင်နီကျေးရွာ၊ ကွင်းအမှတ်(၂၇၈၆၊ ရွှေမော်ဓောကွင်း)တွင် ဝါစိုက်တောင်သူ ဦးဇော်မင်းဦး၏ စိုက်ခင်းအတွင်း ဝါပင်များစိုက်ပျိုးဖြစ်ထွန်းနေမှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်စိုးသည် မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ရေးမြို့နယ်၊ သီရိနန္ဒာရပ်ကွက်၊ ပြည်တော်သာချောင်းတံတားအနီး၌ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ရေကြီးနစ်မြုပ်မှုမဖြစ်ပေါ်စေရေးတို့အတွက် အမှိုက်များရှင်းလင်းနေမှုများအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်၊ နံနက် ၈ နာရီ ၄၅ မိနစ်တွင် မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်၊ ရေးမြို့၊ သီရိနန္ဒာရပ်ကွက်၊ ရေး- ထားဝယ်ပြည်ထောင်စုလမ်းမဘေးရှိ ပြည်တော်သာ ချောင်းတံတားအနီး၌ ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြီးနစ်မြုပ်မှုမဖြစ်ပေါ်စေရေးတို့အတွက် အမှိုက်များရှင်းလင်းနေမှုများအား အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးကြီး ထွန်းထွန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး သူရရန်နိုင်ဦး၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
လပွတ္တာမြို့၏ မြို့အဝင်/အထွက်နေရာများနှင့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် စက်ယန္တရားများဖြင့် အထူးသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လပွတ္တာမြို့၏ မြို့အဝင်/အထွက်နေရာများနှင့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် စက်ယန္တရားများဖြင့် အထူးသန့်ရှင်းရေးဆောင်ရွက်နေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလှိုင်သည် မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ နှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ကော့သောင်းမြို့နယ်၊ အဏ္ဏဝါရပ်ကွက်၊ ဘုရင့်နောင် စျေးရှိ ရွှေဆိုင်များ၌ သတ်မှတ်စည်းကမ်းချက်များ၊ ညွှန်ကြားချက်များနှင့်အညီရောင်းချမှုရှိ/ မရှိအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်၊ နံနက် ၁၀ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း ခရိုင်၊ ကော့သောင်းမြို့နယ်၊ အဏ္ဏဝါရပ်ကွက်၊ ဘုရင့်နောင်စျေးရှိ ရွှေဆိုင်များ၌ သတ်မှတ် စည်းကမ်းချက်များ၊ ညွှန်ကြားချက်များနှင့်အညီရောင်းချမှုရှိ/ မရှိအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ဘီးလင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သော တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကွင်းဆင်း စစ်ဆေး
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၌ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်သော ကျောက်ရေတွင်း- ကံနီလမ်းကတ္တရာခင်းခြင်းလုပ်ငန်း၊ မြို့နယ် လမ်းဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သော ဇုတ်သုတ်- ဇုက္ကလိ-ကန်ရွာ-သိမ်ချောင်းလမ်းကတ္တရာလမ်းသစ်ခင်းခြင်းနှင့် အမာခံပုခုံးခင်းကြိတ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် ခရိုင်/ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
တံတားဦးမြို့နယ်အတွင်းရှိ အ.ထ.က(တောင်ဘီလူ)ကျောင်းတွင် KG တက်ရောက်နေသော ကလေးငယ်များအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ကျောင်းတွင်းနေ့လည်စာ အာဟာရကျွေးမွေးခြင်းအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦး ခရိုင်၊ တံတားဦးမြို့နယ်အတွင်းရှိ အ.ထ.က(တောင်ဘီလူ)ကျောင်းတွင် မြို့နယ်ပညာရေးနှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ KG တက်ရောက်နေသော ကလေးငယ်များအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ကျောင်းတွင်းနေ့လည်စာအာဟာရကျွေးမွေးခြင်းအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းသည် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများမှတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးရရှိသောကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်၊ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် ခရိုင်၊ ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိသော ကျောင်းသား/သူများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဟိန်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဂုဏ်ထူးရကျောင်းသူ/သားများ တက်ရောက် ခဲ့ပြီး အခမ်းအနားသို့ စုစုပေါင်းအင်အား ၅၂၀ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →