သတင်းများ
သတင်းများ
မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ဦးဘောက်နော်ခြံမြေရှိ ကသာ နှစ်ခြင်းယာယီတိမ်းရှောင်စခန်း၌ ပြည်နယ်အစိုးရအဖွဲ့မှ ကျင်းပပြုလုပ်သည့် တိမ်းရှောင်အိမ်ထောင်စုဝင် များအား ဆန်များထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ဦးဘောက်နော်ခြံမြေရှိ ကသာနှစ်ခြင်းယာယီ တိမ်းရှောင်စခန်း၌ ပြည်နယ်အစိုးရအဖွဲ့မှ ကျင်းပပြုလုပ်သည့် တိမ်းရှောင်အိမ်ထောင်စုဝင်များအား ဆန်များထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး တိမ်းရှောင်အိမ်ထောင်စု ၇၁ စုအတွက် ၂၄ ပြည်ပါ ဆန်အိတ် ၇၁ အိတ်အား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မြင်းခြံမြို့အတွင်းရှိ ရပ်ကွက်များ၌ မိုးသည်း ထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းကြောင့် သစ်ပင်များနှင့် ဓါတ်တိုင်များလဲကျနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်၊ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ မြင်းခြံမြို့အတွင်းရှိ ရပ်ကွက်များ၌ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ် ခြင်းကြောင့် သစ်ပင်များနှင့် ဓါတ်တိုင်များလဲကျနေမှုအား ခရိုင်/ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး များမှ ဝိုင်းဝန်းရှင်းလင်းနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
တံတားဦးမြို့နယ်၊ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(တံတားဦး)၌ ကျင်းပပြုလုပ်သည့် ငှက်ပျောစိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်၊ နံနက် ၈ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (တံတားဦး)၌ ကျင်းပပြုလုပ်သည့် ငှက်ပျောစိုက်ပျိုးပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ မများ၊ ကျောင်းသား/ သူများ၊ ခရိုင်/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁၃၉၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်၊ အောင်မြေမန္တလာအားကစားကွင်း၌ မလေးရှားနိုင်ငံမှပြန်လည်ခေါ်ဆောင်လာသော နေရပ်ပြန်ပြည်သူ များအား ကြိုဆိုနေရာချထားခြင်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်၊ ည ၁၀ နာရီ ၃၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်၊ အောင်မြေမန္တလာ အားကစားကွင်း၌ မလေးရှားနိုင်ငံမှပြန်လည်ခေါ်ဆောင်လာသောနေရပ်ပြန်ပြည်သူ ၆၀ ဦးအား ကြိုဆို နေရာချထားခြင်းဆောင်ရွက်နေမှုများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်ထူးသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ နှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်းများမှ ပြန်လည်ခေါ်ဆောင်လာသည့် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ နေရပ်ပြန်ပြည်သူ များအား လက်ခံကြိုဆို
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်၊ ည ၇ နာရီ ၄၅ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မလေးရှားနိုင်ငံရှိထိန်းသိမ်းရေးစခန်းများမှ ပြန်လည်ခေါ်ဆောင် လာသည့် ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ နေရပ်ပြန်ပြည်သူ ၁၉၈ ဦးတို့အား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့်အတူ ကြိုဆို လက်ခံခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာအချက်အလက်များ တိုက်ဆိုင်စစ်ဆေးခြင်းနှင့် ပြစ်မှုကင်းရှင်းမှုရှိ/ မရှိ စစ်ဆေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မြိတ်မြို့နယ်၊ မြိတ်မြို့၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွှေဒူးကျေးရွာ၊ ပညာရေးတပ်ကျောင်း(၁)၌ ခြေမြန်တပ်ရင်း(၅၅၆) ရှေ့တန်းပြန်စစ်သည်များအား ကြိုဆို
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ မြိတ်မြို့၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွှေဒူးကျေးရွာ၊ ပညာရေးတပ်ကျောင်း(၁)၌ ခြေမြန်တပ်ရင်း(၅၅၆) ရှေ့တန်းပြန်စစ်သည် ၁၀၈ ဦးတို့အား ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မင်းသူရင်နှင့် အရာရှိကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှ သွားရောက်ကြိုဆိုခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ကယားပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ နံနက် ၉ နာရီတွင် ကယားပြည်နယ်ခန်းမ၌ ကျင်းပ ပြုလုပ်သည့် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ ပြည်နယ်အဆင့်သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ကျိုင်းတုံမြို့၊ ဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်သည့် “အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့” အထိမ်းအမှတ်အဖြစ် သက်ကြီးဘိုး/ ဘွားများအား ပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံမြို့၊ ဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်သည့် (၂၈)ကြိမ်မြောက် “အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့”အခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်စိုးနှင့် အရာရှိကြီးများသည် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်လင်း၊ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်များ၊ ခရိုင်စီမံခန်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး အဘိုး/ ဘွားများအား အလှူငွေများလှူဒါန်းခြင်းနှင့် ဆေးကုသ ပေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ရေဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်အနိမ့်ပိုင်း၌ မူးမြစ်ရေမြင့်တက်လာမှုကြောင့် ရပ်ကွက်အတွင်းသို့ မြစ်ရေစီးဝင်ရောက်မှုအခြေအနေအား ကြည့်ရှု စစ်ဆေး
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ်၊ ရေဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်အနိမ့်ပိုင်း၌ မူးမြစ်ရေမြင့်တက်လာမှုကြောင့် ရပ်ကွက်အတွင်းသို့ မြစ်ရေစီးဝင်ရောက်မှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းသူရ ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးကျေးရွာ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း အမှတ်စဉ်(၁၈)သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်၊ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးကျေးရွာ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်းအမှတ်စဉ်(၁၈)သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် သင်တန်းသား/ သူများ စုစုပေါင်းအင်အား ၄၅ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
တိုက်ကြီးမြို့နယ်၊ တော်လတီကျေးရွာအုပ်စု၊ တော်လတီ ဘုန်းတော်ကြီးကျောင်း၌ ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်၊ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ တော်လတီကျေးရွာအုပ်စု၊ တော်လတီဘုန်းတော်ကြီးကျောင်း၌ ဒေသတွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေးတွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသူအောင်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာနေ တောင်သူများ စုစုပေါင်းအင်အား ၅၀ ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ထားဝယ်မြို့သာသနာ့ဗိမာန်၌ ကျင်းပ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ်အဖြစ် သက်ကြီးဘိုး/ ဘွားများ ပူဇော်ကန်တော့ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ နံနက် ၁၀ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် ခရိုင်၊ ထားဝယ်မြို့နယ်၊ ထားဝယ်မြို့၊ သာသနာ့ဗိမာန်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ်အဖြစ် သက်ကြီးဘိုး/ ဘွားများပူဇော်ကန်တော့ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အဘိုး ၁၃ ဦး၊ အဘွား ၂၂ ဦး၊ စုစုပေါင်းသက်ကြီးဘိုးဘွား ၂၅ ဦးတို့အား အလှူငွေများလှူဒါန်းခြင်း၊ အသုံးအဆောင်ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →