သတင်းများ
သတင်းများ
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ မော်လမြိုင်မြို့၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ကျင်းပ ပြုလုပ်သည့် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်၊ နံနက် ၈ နာရီ ၃၀ တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင် မြို့နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ သူနာပြုသိပ္ပံ(မော်လမြိုင်)၌ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်အဆင့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ သင်တန်းသား/ သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၄)နှစ်အောက်(အမျိုးသား) U-14 (Boys) Royal-D Cup(2026) ခရိုင်အဆင့်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်၊ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ အမှတ်(၁၂၀/၁၄၀)ရှိ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ ကျောင်းအားကစားဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည့် အခြေခံပညာ ကျောင်းပေါင်းစုံ အသက်(၁၄)နှစ်အောက်(အမျိုးသား) U-14 (Boys) Royal-D Cup(2026) ခရိုင်အဆင့် ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ စုစုပေါင်းအင်အား ၂၀၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၊ ဘောလခဲမြို့၊ ရှမ်းပိုင်းရပ်ကွက်ရှိ မြို့လယ်ဓမ္မာရုံ၌ ထောက်ပံ့သောဆန်နှင့်အခြေခံစားသောက်ကုန်များအား ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူတို့အတွက် ပေးအပ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်၊ နံနက် ၁၀ နာရီတွင် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲ မြို့နယ်၊ ဘောလခဲမြို့၊ ရှမ်းပိုင်းရပ်ကွက်ရှိ မြို့လယ်ဓမ္မာရုံ၌ ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သောဆန်နှင့် အခြေခံစားသောက်ကုန်များအား ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ ၆၂၄ ဦးတို့အတွက် ပေးအပ်နေမှု အခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ မှုံပြာကျေးရွာအခြေခံပညာမူလတန်းကျောင်း၌ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်နေသော တန်ဖိုးနည်းဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်၊ နံနက် ၈ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော် မြို့နယ်၊ မှုံပြာကျေးရွာအခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်နေသော တန်ဖိုးနည်းဝန်ထမ်းအိမ်ရာဆောက်လုပ်နေမှုအခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ ကြည့်ရှစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ယစ်မျိုးလိုင်စင်ရ KTV ဆိုင်များတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း သတ်မှတ်စည်းကမ်းချက်များအတိုင်း တိကျစွာလိုက်နာမှုရှိ/ မရှိအခြေအနေအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်၊ နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် အတွင်းရှိ ယစ်မျိုးလိုင်စင်ရ KTV ဆိုင်များတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း သတ်မှတ်စည်းကမ်းချက်များ အတိုင်း တိကျစွာလိုက်နာမှုရှိ/ မရှိအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိ သူများနှင့်အတူကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်(ခ)ရပ်ကွက်တွင် (၄)ခန်းတွဲ(၃)ထပ် ဝန်ထမ်းအိမ်ရာဆောက်လုပ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်၊ နံနက် ၉ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော် မြို့နယ်၊ လွိုင်ကော်မြို့၊ နမ့်ဘော်ဝမ်(ခ)ရပ်ကွက်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ ဝန်ထမ်းအိမ်ရာပြင်ဆင်ခြင်း ဆောင်ရွက်မှုအခြေအနေများနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၄)ခန်းတွဲ(၃)ထပ် ဝန်ထမ်း အိမ်ရာဆောက်လုပ်နေမှုအခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်၊ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦး မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အနော်ရထာခန်းမ၌ ခရိုင်မီးသတ်ဦးစီးဌာနမှ ကျင်းပ ပြုလုပ်သည့် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ သင်တန်းသားများ စုစုပေါင်း အင်အား ၇၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ မြင်းနားကျေးရွာအုပ်စု၊ ရွှေနန်းပေါ် ကျေးရွာရှိ အမှတ်(၃)စစ်အခြေခံလေ့ကျင့်ရေးတပ်၌ ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၇)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်၊ နံနက် ၆ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ မြင်းနားကျေးရွာအုပ်စု၊ ရွှေနန်းပေါ်ကျေးရွာရှိ အမှတ်(၃)စစ်အခြေခံလေ့ကျင့်ရေးတပ်၌ ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၇)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက်၊ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာအုပ်စု၊ မိုးစပါးလျာထားဧကပြည့်မီစွာစိုက်ပျိုးနိုင်ရေး အတွက် မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်၊ နံနက် ၁၁ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနား မြို့နယ်၊ ပလနကျေးရွာအုပ်စု၊ ပလန(၂)၊ ကွင်းအမှတ်(၄၅)၊ ကံ့ကော်မြိုင်ရွာကွင်း၌ ခရိုင်အတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် မိုးစပါးလျာထားဧကပြည့်မီစွာစိုက်ပျိုးနိုင်ရေးအတွက် မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းသည် ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ခိုပဲဝရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် မြို့နယ်အတွင်းစားအုန်းဆီဖြန့်ဖြူးရောင်းချပေးနေမှုအခြေအနေအား ကြည့်ရှု စစ်ဆေး
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်၊ နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ခိုပဲဝရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် မြို့နယ်အတွင်း စားအုန်းဆီများဖြန့်ဖြူးရောင်းချပေးနေမှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပန်းရံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်၊ နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်း မြို့နယ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပန်းရံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အမှတ်(၈)ရပ်ကွက်(ထောင်ဝိကွင်း)၌ ပိုက်ဆံလျှော်(သစ်စိမ်းမြေသြဇာ)ထယ်ထိုးမြေမြှုပ်ခြင်းနှင့် မိုးစပါးအထွက်နှုန်း တိုးတက်ရေးနည်းပညာပေးစံပြကွက်စိုက်ပျိုးခြင်းအခမ်းအနားသို့တက်ရောက်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်၊ နံနက် ၈ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အမှတ်(၈)ရပ်ကွက်(ထောင်ဝိကွင်း)၌ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ)ထယ်ထိုးမြေမြှုပ်ခြင်းနှင့် မိုးစပါးအထွက်နှုန်းတိုးတက်ရေးနည်းပညာပေးစံပြကွက် စိုက်ပျိုးခြင်းအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်း ဦးဆောင်သောအဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ စုစုပေါင်းအင်အား ၁၅၀ ဦးတို့နှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →