သတင်းများ

သတင်းများ
07 Aug, 2026

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ဆန်းချီ(တိုးချဲ့)ရပ်ကွက်၊ ကမြောကင်းလမ်းရှိ DDPC 1 ဆီဆိုင်သို့သွားရောက်၍ စက်သုံးဆီများအား သတ်မှတ်ညွှန်ကြားချက်များနှင့်အညီရောင်းချမှု ရှိ/ မရှိအား ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်၊ မွန်းတည့် ၁၂ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ဆန်းချီ(တိုးချဲ့)ရပ်ကွက်၊ ကမြောကင်းလမ်းရှိ DDPC 1 ဆီဆိုင်သို့သွားရောက်၍ စက်သုံးဆီ များအား သတ်မှတ်ညွှန်ကြားချက်များနှင့်အညီရောင်းချမှုရှိ/ မရှိအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းညွန့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
07 Aug, 2026

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ကမ်းနီကျေးရွာရှိ တောင်သူဦး‌လှအောင်၏ ၂၀၂၅-၂၀၂၆ ခုနှစ်၊ နွေစပါး(အောင်နိုင်တိုး)မျိုးစပါး Plasma Treatment စမ်းသပ်ကွက်ရိတ်သိမ်းနေမှုအား ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်၊ နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး မြို့နယ်၊ ကမ်းနီကျေးရွာရှိ တောင်သူ ဦး‌လှအောင်၏ ၂၀၂၅-၂၀၂၆ ခုနှစ်၊ နွေစပါး(အောင်နိုင်တိုး)မျိုးစပါး Plasma Treatment စမ်းသပ်ကွက်ရိတ်သိမ်းနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်သည် ခရိုင်/ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး Plasma Treatment နည်းပညာဖြင့် စိုက်ပျိုး ထားသော စပါးပင်များ၏ကြီးထွားဖွံ့ဖြိုးမှု၊ အထွက်နှုန်းနှင့်အရည်အသွေးဆိုင်ရာအချက်အလက်များအား သုံးသပ်ဆွေးနွေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
07 Aug, 2026

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများထံသို့ စေတနာရှင်အလှူရှင်များမှ လှူဒါန်းသည့်ပစ္စည်းများ စနစ်တကျရောက်ရှိစေရေးပူးပေါင်းဆောင်ရွက်

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်၊ နံနက် ၇ နာရီတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီ မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေသည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများထံသို့ စေတနာရှင် အလှူရှင်များမှ လှူဒါန်းသည့်ပစ္စည်းများ စနစ်တကျရောက်ရှိစေရေး၊ အလှူရှင်၊ စေတနာရှင်များ အနေဖြင့် မိမိအစီအစဉ်ဖြင့် သွားရောက်လှူဒါန်းရာ၌ အသက်အန္တရာယ်ကင်းရှင်းစေရေး၊ ဆက်သွယ်မှု မပြတ်တောက်စေရေး၊ ကွပ်ကဲရေးရုံး၌ ဆိုလာလျှပ်စစ်မီးရရှိရေးနှင့် နောက်ဆက်တွဲကျန်းမာရေး ပြဿနာများမဖြစ်ပွားစေရေးတို့အတွက် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ အသင်းအဖွဲ့များနှင့်အတူ အုပ်ချုပ်ရေးကဏ္ဍမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
07 Aug, 2026

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ အနော်ရထာခန်းမ၌ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် လူငယ်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ အနော်ရထာခန်းမ၌ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် လူငယ်တွေ့ဆုံပွဲအခမ်းအနားသို့ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဟိန်းအောင်သည် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီအဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ကျောင်းသား/ သူများ၊ လူငယ်လူရွယ်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
07 Aug, 2026

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ မော်လမြိုင် ပြည်သူ့ဆေးရုံကြီး၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် မျက်စိအတွင်းတိမ်လူနာ ၁၅၀ ဦးအား ခွဲစိတ်ကုသပေးခြင်းအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်၊ နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင် မြို့နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် မျက်စိအတွင်းတိမ်လူနာ ၁၅၀ ဦးအား ခွဲစိတ်ကုသပေးခြင်းအခမ်းအနားသို့ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မျက်စိခွဲစိပ်ပြီးသောမျက်စိဝေဒနာရှင် ပြည်သူများအား နေကာမျက်မှန်တပ်ဆင်ပေးခြင်း၊ ကြက်ဥများထောက်ပံ့ပေးအပ်ခြင်းနှင့် ခွဲစိပ်ဆရာဝန်ကြီး များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
07 Aug, 2026

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ မုတ်ကျွန်းတာကြံ့ခိုင်မှုရှိစေရေး ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်၊ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်း မြို့နယ်အတွင်းရှိ လယ်ယာမြေနှင့် ကျေးရွာများရေကြီးနစ်မြုပ်မှုနှင့် ရေငန်ဝင်ရောက်မှုတို့မှ အဓိက ကာကွယ်ပေးနေသည့် မုတ်ကျွန်းတာကြံ့ခိုင်မှုရှိစေရေးနှင့် ဒီရေဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညွန့်နွယ်သည် ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆည်မြောင်းနှင့်‌ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးအဖွဲ့တို့မှ တာကြံ့ခိုင်မှုအခြေအနေများအား အမြဲမပြတ်စောင့်ကြပ်ကြည့်ရှုစစ်ဆေးရေး၊ အရေးပေါ်ရေဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အသက်အိုးအိမ်ထိခိုက်မှုနည်းပါးအောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိစေရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
06 Aug, 2026

ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၌ ကျင်းပပြုလုပ်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်းကျောင်း၊ မိုင်းတုံကျောင်းကောင်စီ ဥက္ကဋ္ဌဖလားဘောလုံးအားကစားပြိုင်ပွဲပိတ်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်၊ နေ့လယ် ၂ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်၊ အ.ထ.က(မိုင်းတုံ)ကျောင်းဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းကျောင်း၊ မိုင်းတုံကျောင်းကောင်စီဥက္ကဋ္ဌဖလားဘောလုံးအားကစား ပြိုင်ပွဲပိတ်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်သီဟသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ဆရာ/ မများ၊ ကျောင်းသား/ သူ များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
06 Aug, 2026

ရှမ်းပြည်နယ်၊ တန့်ယန်းခရိုင်၊ မိုင်းရယ်မြို့နယ်၊ မိုင်းရယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များဆောင်ရွက်ပေးနေမှုအခြေအနေ များအား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်၊ နံနက် ၁၁ နာရီတွင် ရှမ်းပြည်နယ်၊ တန့်ယန်းခရိုင်၊ မိုင်းရယ်မြို့နယ်၊ မိုင်းရယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်အထက် ကျောင်းသား/ သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များဆောင်ရွက်ပေးနေမှုအခြေအနေများအား ပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား/ သူ ၇၄ ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
06 Aug, 2026

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွေးနဒီခန်းမ၌ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့အား ထောက်ပံ့ပေးအပ်သော နေ့တွက်စရိတ်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်၊ နေ့လယ် ၂ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွေးနဒီခန်းမ၌ကျင်းပပြုလုပ်သည့် မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော နေ့တွက်စရိတ် ပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်များ စုစုပေါင်းအင်အား ၆၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
06 Aug, 2026

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သမ္မာဆန္ဒကျေးရွာတွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်၊ နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သမ္မာဆန္ဒကျေးရွာတွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းသည် မြို့နယ်စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ နှင့်အတူ တက်ရောက်ခဲ့ပြီး ပြည်သူ ၇၅ ဦးအား ကျေးရွာမြေငှားဂရန်များ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
06 Aug, 2026

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ သူအား နိုင်ငံသားစိစစ်ရေး ကတ်နှင့် UID ကတ်များပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်၊ နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်း မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ကျင်းပပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် ကျောင်းသား/ သူအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များပေးအပ်ခြင်းအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်သက်ဆိုင်ရာဌာန များမှ တာဝန်ရှိသူများ၊ ဆရာ/ မများ၊ ကျောင်းသား/ သူများနှင့်အတူ တက်ရောက်ခဲ့ပြီး ကျောင်းသား/ သူ ၁၆၈ ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်နှင့် UIDကတ်များဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
06 Aug, 2026

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ သီဝဆန်စက်၊ သက်ဝေလွင်ဆန်စက်နှင့် ကောင်းထက်စံဆန်စက်တို့တွင် စပါးထုတ်ကုန်များအား တန်ဖိုးမြင့်ဆန်ထုတ်လုပ်နိုင်ရေးအတွက် ကွင်းဆင်း စစ်ဆေး

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်၊ နံနက်တွင် ၉ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ သီဝဆန်စက်၊ သက်ဝေလွင်ဆန်စက်နှင့် ကောင်းထက်စံဆန်စက်တို့တွင် စပါးထုတ်ကုန်များအား တန်ဖိုးမြင့်ဆန်ထုတ်လုပ်နိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →