သတင်းများ

သတင်းများ
08 Oct, 2026

ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အနော်ရထာ ခန်းမ၌ ကျင်းပပြုလုပ်သည့် ကျွန်းခင်းကြီးရေလှောင်တမံအမှတ်(၂) စီမံကိန်းဧရိယာအတွင်း ပါဝင်သော ယာမြေများပေါ်တွင် စိုက်ပျိုးခဲ့သည့် ရာသီသီးနှံများအတွက် နစ်နာကြေးပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်၊ နံနက် ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး ခရိုင်၊ ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်သည့် ကျွန်းခင်းကြီးရေလှောင်တမံအမှတ်(၂) စီမံကိန်းဧရိယာအတွင်း ပါဝင်သောယာမြေများပေါ်တွင် စိုက်ပျိုးခဲ့သည့် ရာသီသီးနှံများအတွက် နစ်နာကြေးပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနများမှတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ စုစုပေါင်းအင်အား ၇၅ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
08 Oct, 2026

ကျောက်တံတားမြို့နယ်အတွင်းရှိ နောက်ဖေးလမ်းကြား အားလုံး သန့်ရှင်းအောင် ရှင်းလင်းနိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်၊ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတား ခရိုင်၊ ကျောက်တံတားမြို့နယ်အတွင်းရှိ နောက်ဖေးလမ်းကြားအားလုံး သန့်ရှင်းအောင် ရှင်းလင်းနိုင်ခဲ့ခြင်း အတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင်အုပ်ချုပ်‌ရေးမှူး ဦးဝင်းကို(ဒုတိယညွှန်ကြားရေးမှူး)၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျောက်တံတားမြို့နယ်အတွင်းရှိ နောက်ဖေးလမ်းကြားအားလုံး သန့်ရှင်းအောင် ရှင်းလင်းနိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
08 Oct, 2026

ဘားအံမြို့နယ်ဂေါက်ကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ စတုတ္ထအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်ဂေါက်ကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ စတုတ္ထအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်းအင်အား ၃၅၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
08 Oct, 2026

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ မြင်းခြံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုဝန်ကြီးဌာနမှ ကျင်းပ ပြုလုပ်သည့် အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/ သူများ၊ စုစုပေါင်းအင်အား ၄၀ ဦးတို့ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
08 Oct, 2026

ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၌ စံကိုက် ကျောင်းများ၏ စံချိန်စံညွှန်းနှင့်အညီဖြစ်စေရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်၊ နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်း မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၌ စံကိုက်ကျောင်းများ၏ စံချိန်စံညွှန်းနှင့်အညီ ဖြစ်စေရေးအတွက် ကျောင်းဆောင်သစ်၊ ဘက်စုံသုံးခန်းမ၊ ကျောင်းတွင်းအားကစားရုံ၊ ဝန်ထမ်းအိမ်ရာနှင့် စုဝေးကွင်းနေရာ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
08 Oct, 2026

လွိုင်လင်မြို့၊ ကုတင်(၂၀၀)ဆံ့ဆေးရုံကြီး၌ ကျင်းပ ပြုလုပ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၈)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်၊ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင် မြို့နယ်၊ လွိုင်လင်မြို့၊ ကုတင်(၂၀၀)ဆံ့ ဆေးရုံကြီးတွင် ကျင်းပပြုလုပ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၈)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
06 Oct, 2026

စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်၊ စည်းခုံကြီး သာသနာ့ဗိမာန်၌ မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် နေရပ်ပြန် ၉၃ ဦးအား UID Card များ ပြုလုပ်ပေးခြင်း၊ PSMS ဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်၊ နံနက် ၈ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်၊ စည်းခုံကြီးသာသနာ့ဗိမာန်၌ မလေးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ နေရပ်ပြန် ၉၃ ဦးအား UID Card များ ပြုလုပ်ပေးခြင်း၊ PSMS(Person Scrutinization and Monitoring System)ဖြင့် စစ်ဆေးခြင်းများဆောင်ရွက်နေမှု အခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသိန်းသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
06 Oct, 2026

မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စု၊ မြသလွန်ဘုရား ကုန်းတော်ပေါ်ရှိ သုဘောဂဓမ္မာရုံတွင် မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် နေရပ်ပြန် ၁၂၂ ဦး၏ UID ကတ်များ ပြုလုပ်ပေးနေမှုနှင့် PSMSဖြင့် စစ်ဆေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်၊ နံနက် ၁၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စု၊ မြသလွန်ဘုရားကုန်းတော်ပေါ်ရှိ သုဘောဂဓမ္မာရုံတွင် မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားစိစစ်ပြီးသူ မကွေးတိုင်းဒေသကြီးအတွင်းမှ နေရပ်ပြန် ၁၂၂ ဦးအား UID ကတ်များ ပြုလုပ်ပေးနေမှုနှင့် PSMS(Person Scrutinization and Monitoring System)ဖြင့် စစ်ဆေးနေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးဇော်စိုးသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး နေရပ်ပြန်ပြည်သူများအား မိမိတို့နေထိုင်ရာနေရပ်အသီးသီးသို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
06 Oct, 2026

မော်လမြိုင်မြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်း ကျောင်း၊ ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ မော်လမြိုင်မြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ မများ၊ ကျောင်းသား/ သူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
06 Oct, 2026

လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရွေးနဒီ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်၊ နေ့လယ် ၃ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ ခရိုင်၊ လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရွေးနဒီအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည့် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလှိုင်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ သင်တန်းသားများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
06 Oct, 2026

ကျိုက်ထိုမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ စက်သုံးဆီများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ‌ရောင်းချခြင်း ရှိ/ မရှိအား ကွင်းဆင်း စစ်ဆေး

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ စက်သုံးဆီများကို သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ‌ရောင်းချခြင်း ရှိ/ မရှိအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် ခရိုင်/ မြို့နယ်ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
06 Oct, 2026

သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ မဟာအတုလသဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီးတွင် မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ရခိုင်ပြည်နယ်မှ နေရပ်ပြန် ၂၁၇ ဦးတို့အား ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင် ခရိုင်၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ကျိုက်ခေါက်ဘုရားလမ်းရှိ မဟာအတုလသဒ္ဓမ္မရံသီသာသနာ့ ဗိမာန်တော်ကြီးတွင် မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ရခိုင်ပြည်နယ်မှ နေရပ်ပြန် ၂၁၇ ဦးတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းကိုနှင့် ရခိုင်ပြည်နယ်၊ တောင်ကုတ် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များမှ သွားရောက်တွေ့ဆုံခဲ့ပြီး နေရပ်ပြန်ပြည်သူများအား ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းနှင့် အလုပ်အကိုင်ရရှိစေရေး ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →