← Home
GAD news 14 Oct, 2026

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အပူဒဏ်အန္တရာယ်မှ ပြည်သူများကြိုတင်ကာကွယ်နိုင်ရေးအတွက် အပူရှောင်စခန်းဖွင့်လှစ်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်၊ နံနက် ၈ နာရီ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့်ဖြစ်ပေါ်လာနိုင်သည့် အပူဒဏ်အန္တရာယ်မှ ပြည်သူများကြိုတင် ကာကွယ်နိုင်ရေးအတွက် အပူရှောင်စခန်းဖွင့်လှစ်ထားရှိမှုအခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်