← Home
GAD news
20 Oct, 2026
ညောင်ဦးခရိုင် ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ (၃၈)နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် စုပေါင်း သွေးလှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၈)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် ခရိုင်/ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌတို့မှ တက်ရောက်ခဲ့ပြီး သွေးလှူဒါန်းသည့်ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်း ၅ မျိုး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။