သတင်းများ
သတင်းများ
နေပြည်တော်ကောင်စီရုံးဝန်း၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းအမှတ်စဉ် (၃/၂၀၂၆)ဖွင့်ပွဲအခမ်းအနား
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်၊ နေ့လယ် ၁ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကောင်စီရုံးဝန်း၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းအမှတ်စဉ်(၃/၂၀၂၆)ဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး/ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်း၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်းဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၁၀၅ ဦး၊ စုစုပေါင်း အင်အား ၁၆၁ ဦးတို့ တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းအား ၂၁-၉-၂၀၂၆ ရက်မှ ၁၆-၁၀-၂၀၂၆ ရက်ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ အ.မ.က(နတ်ပုတီး)ကျောင်း၌ ကျင်းပ ပြုလုပ်သည့် ကျေးရွာမြေငှားဂရန်များပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်၊ နံနက် ၈ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ အ.မ.က(နတ်ပုတီး)ကျောင်း၌ ကျင်းပပြုလုပ်သည့် ကြူတောကန်ကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာရှိဒေသခံပြည်သူများအား နိုင်ငံတော်အစိုးရ၏ပထမရက်(၁၀၀)ကာလ ကျေးရွာမြေငှား ဂရန်များပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ပြီး၊ ဒေသခံပြည်သူ ၉၅ ဦးတို့အား ကျေးရွာမြေငှားဂရန်ထုတ်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်အားကစားခန်းမ၌ ကျင်းပ ပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဂုဏ်ထူးရ ကျောင်းသား/ သူများအား ဆုချီးမြှင့်ပွဲအခမ်းအနား
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ဂုဏ်ထူးရကျောင်းသား/သူများအား ဆုချီးမြှင့်ပွဲအခမ်းအနားသို့ အမှတ်(၁)ဒုံး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ တပ်နယ်မှူးဗိုလ်မှူးချုပ် ဟိန်းဆက်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှတာဝန် ရှိသူများ၊ ဆရာ/ မများ၊ ကျောင်းသား/ သူများ၊ စုစုပေါင်းအင်အား ၅၈၅ ဦးတို့ တက်ရောက်ခဲ့ပြီး ဂုဏ်ထူးရ ကျောင်းသား/ သူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
သင်္ဃန်းကျွန်းမြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(သုဝဏ္ဏ)၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်း(သုဝဏ္ဏ)၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးထိုက်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဆရာ/ မများ၊ ကျောင်းသား/ သူများနှင့်အတူ တက်ရောက်ခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင် ခဲ့သူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ကျောက်ဆည်မြို့နယ်၊ ကျောက်ဆည်မြို့၊ ဧမြကြည်လင် ရပ်ကွက်၊ အောင်မင်္ဂလာဘုရားဝန်း၌ လူသုံးကုန်ထုတ်လုပ်မှုသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဧမြကြည်လင်ရပ်ကွက်၊ အောင်မင်္ဂလာဘုရားဝန်း၌ တိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီ၏ ကြီးကြပ်မှုဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဟိန်းအောင်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ထားဝယ်မြို့၊ မြို့တော်ခန်းမ(၂)၌ ကျင်းပပြုလုပ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၃/၂၀၂၆) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ(၂)၌ ကျင်းပပြုလုပ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းအမှတ်စဉ်(၃/၂၀၂၆)ဖွင့်ပွဲအခမ်းအနားသို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးရန်ကြီးအောင်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၂၈ ဦး၊ စုစုပေါင်းအင်အား ၈၄ ဦးတို့ တက်ရောက်ခဲ့ပြီး အဆိုပါ သင်တန်းအား ၂၁-၉-၂၀၂၆ ရက်မှ ၁၆-၁၀-၂၀၂၆ ရက်ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
အုတ်ဖိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းအမှတ်စဉ်(၃/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်၊ နံနက် ၈ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းခရိုင်၊ အုတ်ဖိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၃/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၆၁ ဦး၊ စုစုပေါင်းအင်အား ၁၃၀ ဦးတို့ တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းအား ၂၁-၉-၂၀၂၆ ရက်မှ ၁၆-၁၀-၂၀၂၆ ရက်ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၃/၂၀၂၆) ဖွင့်ပွဲအခမ်းအနား တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်၊ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၃/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၅၃ ဦး၊ စုစုပေါင်းအင်အား ၁၄၅ ဦးတို့ တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းအား ၂၁-၉-၂၀၂၆ ရက်မှ ၁၆-၁၀-၂၀၂၆ ရက်ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ကျိုက်ထိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း(၃/၂၀၂၆)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်၊ နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၃/၂၀၂၆)ဖွင့်ပွဲ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၂၃ ဦး၊ စုစုပေါင်းအင်အား ၉၇ ဦးတို့ တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းအား ၂၁-၉-၂၀၂၆ ရက်မှ ၁၆-၁၀-၂၀၂၆ ရက်ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
စမ်းချောင်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စံပယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၃/၂၀၂၆)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်၊ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စံပယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၃/၂၀၂၆)ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ၅၁ ဦး၊ စုစုပေါင်းအင်အား ၁၀၆ ဦးတို့ တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းအား ၂၁-၉-၂၀၂၆ ရက်မှ ၁၆-၁၀-၂၀၂၆ ရက်ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ အထက(၄) ကျောင်း၊ မြတ်ပန်းသဇင်ခန်းမ၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်စားမေးပွဲဂုဏ်ထူးရ ကျောင်းသား/ သူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၂၁ ရက်၊ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း ခရိုင်၊ တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ အထက(၄)ကျောင်းရှိ မြတ်ပန်းသဇင်ခန်းမ၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်စားမေးပွဲဂုဏ်ထူးရ ကျောင်းသား/ သူများအား ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးထိုက်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများမှတာဝန်ရှိသူများ၊ ဆရာ/ မများ၊ ကျောင်းသား/ သူများ၊ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့ပြီး ဆုရ ကျောင်းသား/ သူ များအား ဆုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ဝန်ထမ်းသားသမီးများအား ဂုဏ်ပြု မှတ်တမ်းလွှာ၊ ဆုတံဆိပ်နှင့် ဆုချီးမြှင့်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်၊ နံနက် ၉ နာရီတွင် ကယားပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆင့်ဆင့်မှ ဝန်ထမ်းသားသမီးများအား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဆုတံဆိပ်နှင့် ဆုချီးမြှင့်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုမှ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →