သတင်းများ
သတင်းများ
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ဝန်ထမ်းသားသမီးများအား ဂုဏ်ပြု မှတ်တမ်းလွှာ၊ ဆုတံဆိပ်နှင့် ဆုချီးမြှင့်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်၊ နံနက် ၉ နာရီတွင် ကယားပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆင့်ဆင့်မှ ဝန်ထမ်းသားသမီးများအား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဆုတံဆိပ်နှင့် ဆုချီးမြှင့်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုမှ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ဇီးကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ လယ်မကျေးရွာအုပ်စု၊ လယ်မကျေးရွာရှိ ဒေသခံပြည်သူများအား ကျေးရွာမြေငှားဂရန်များ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်၊ နံနက် ၈ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်း ခရိုင်၊ ဇီးကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ လယ်မကျေးရွာအုပ်စု၊ လယ်မကျေးရွာရှိ ဒေသခံပြည်သူများအား နိုင်ငံတော်အစိုးရ၏ပထမရက်(၁၀၀)ကာလ ကျေးရွာမြေငှား ဂရန်များပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း အင်အား ၁၀၀ ဦးတို့ တက်ရောက်ခဲ့ပြီး၊ ဒေသခံပြည်သူ ၆၀ ဦးတို့အား ကျေးရွာမြေငှားဂရန်ထုတ်ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာအုပ်စု၊ အ.ထ.က(ကညှော်) ကျောင်း၌ ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်၊ နံနက် ၈ နာရီ ၅၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာအုပ်စု၊ အ.ထ.က(ကညှော်)ကျောင်း၌ ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ဆရာ/မများ၊ ကျောင်းသား/သူများ စုစုပေါင်းအင်အား ၁၂၀၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မြိတ်မြို့၊ ကမ်းရိုးတန်းဒေသစစ်ဌာနချုပ်၊ တိုင်းရန်အောင် ခန်းမ၌ ကျင်းပပြုလုပ်သည့် စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်များပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်၊ နံနက် ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ မြိတ်မြို့၊ ကမ်းရိုးတန်းဒေသစစ်ဌာနချုပ်၊ တိုင်းရန်အောင်ခန်းမ၌ ကျင်းပပြုလုပ်သည့် စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်ထမ်းတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်များ ပေးအပ်ခြင်းအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးဦးသည် ခရိုင်/ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များနှင့်အတူတက်ရောက်ခဲ့ပြီး စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ပြီးသည့် သင်တန်းသားများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်၊ နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဆွေးနွေးပွဲသို့ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်းအင်အား ၂၀၀ ဦးတို့ တက်ရောက်ခဲ့ပြီး ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကပ်ကျော်မှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ရမည်းသင်းမြို့နယ်၊ ရွှေဒါးသာစည်ကျေးရွာရှိ အမှတ်(၈) အထည်စက်ရုံသို့သွားရောက်၍ စက်ရုံအတွင်း/ အပြင်သန့်ရှင်းသာယာလှပစေရေး၊ စက်ရုံလည်ပတ်နေမှု အခြေအနေနှင့် အစည်းအဝေးခန်းမပြင်ဆင်ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း ခရိုင်၊ ရမည်းသင်းမြို့နယ်၊ ရွှေဒါးသာစည်ကျေးရွာရှိ အမှတ်(၈)အထည်စက်ရုံသို့သွားရောက်၍ စက်ရုံ အတွင်း/ အပြင်သန့်ရှင်းသာယာလှပစေရေး၊ စက်ရုံလည်ပတ်နေမှုအခြေအနေနှင့် အစည်းအဝေးခန်းမ ပြင်ဆင်ထားရှိမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေး ခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာ(ရွာလယ်ကျောင်းတိုက်)၌ ကျင်းပ ပြုလုပ်သည့် ဂဟေသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာ(ရွာလယ်ကျောင်းတိုက်)၌ ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီမှ ကြီးမှူး၍ ပြည်နယ်အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ဘားအံ)၏ ကြီးကြပ်မှုဖြင့် ကျင်းပ ပြုလုပ်သည့် ဂဟေသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ သင်တန်းသားများ စုစုပေါင်းအင်အား ၉၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မုံရွာခရိုင်၊ မုံရွာမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်၊ နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ တက္ကသိုလ်/ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ရမည်းသင်းခရိုင်ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်သည့် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်၊ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်သည့်(၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ခရိုင်ရဲတပ်ဖွဲ့၏ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်သည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် အတူတက်ရောက်ခဲ့ပြီး သွေးလှူဒါန်းခဲ့သည့် တပ်ဖွဲ့ဝင် ၂၅ ဦးတို့အား ကြက်ဥ၊ ခေါက်ဆွဲထုပ်၊ Royal-D နှင့် ရေသန့်ဘူးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာမြို့၊ ကန်တော်မင်္ဂလာခန်းမ၌ ကျင်းပ ပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ ကန်တော်မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ တက္ကသိုလ်/ ဒီဂရီကောလိပ်များမှပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ကျောင်းသား/ သူများ တက်ရောက်ခဲ့ပြီး စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသား/ သူများအား ဆုများချီးမြှင့်ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ဟုမ္မလင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် သီးနှံမျိုးစေ့၊ ပျိုးပင်၊ သွင်းအားစုနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ချီးမြှင့် ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်း ခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သီးနှံမျိုးစေ့၊ ပျိုးပင်၊ သွင်းအားစုနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်သည် ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →သိမ်ဇရပ်မြို့ရှိ စစ်တောင်းပင်မဓာတ်အားခွဲရုံ(သိမ်ဇရပ်)၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ စတို(၂)လုံး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းနှင့် လျှပ်စစ်ဓာတ်အားများကောင်းမွန်မှုရှိစေရေးဆောင်ရွက်ထားရှိမှုအခြေအနေ
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်၊ နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထို မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် သိမ်ဇရပ်မြို့ရှိ စစ်တောင်းပင်မဓာတ်အားခွဲရုံ(သိမ်ဇရပ်)၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ စတို(၂)လုံး၌ ဆွေးမြေ့ပျက်စီးနေသောတံခါးမကြီးများ၊ ပြတင်းပေါက်များနှင့် အမိုးသွပ်ပြားများ အစားထိုးလဲလှယ်ခြင်းလုပ်ငန်းနှင့် လျှပ်စစ်ဓာတ်အားများ ကောင်းမွန်မှုရှိစေရေးဆောင်ရွက်ထားရှိမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →