← Home
GAD news
20 Nov, 2026
ရေးမြို့နယ်၊ အစင်ကျေးရွာအုပ်စု၊ ကွင်းကြီးကုန်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းနှင့် ဒုတိယသီးနှံသီးထပ်စိုက်ပျိုးရန် နေကြာမျိုးစေ့များ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်၊ အစင်ကျေးရွာအုပ်စု၊ ကွင်းကြီးကုန်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါးစံကွက် ရိတ်သိမ်းခြင်းနှင့် ဒုတိယသီးနှံသီးထပ်စိုက်ပျိုးရန် နေကြာမျိုးစေ့များ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး သူရရန်နိုင်ဦး၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ဒေသခံတောင်သူများ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။