← Home
GAD news
19 Nov, 2026
တံတားဦးမြို့၊ ကွမ်းခြံကုန်းဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်သည့် ခရိုင်/ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန် အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်၊ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ တံတားဦးမြို့၊ စကားအင်းကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းဘုန်းကြီးကျောင်း၌ ကျင်းပ ပြုလုပ်သည့် ခရိုင်/ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် အလှူရှင်များ၏ (၁၃)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့်အတူ တက်ရောက်ခဲ့ပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်း၊ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ၊ အလှူငွေများလှူဒါန်းခဲ့ကြောင်း သတင်း ရရှိပါသည်။