သတင်းများ
သတင်းများ
ကယားပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ နံနက် ၉ နာရီတွင် ကယားပြည်နယ်ခန်းမ၌ ကျင်းပ ပြုလုပ်သည့် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ ပြည်နယ်အဆင့်သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ကျိုင်းတုံမြို့၊ ဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်သည့် “အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့” အထိမ်းအမှတ်အဖြစ် သက်ကြီးဘိုး/ ဘွားများအား ပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံမြို့၊ ဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်သည့် (၂၈)ကြိမ်မြောက် “အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့”အခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်စိုးနှင့် အရာရှိကြီးများသည် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်လင်း၊ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်များ၊ ခရိုင်စီမံခန်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး အဘိုး/ ဘွားများအား အလှူငွေများလှူဒါန်းခြင်းနှင့် ဆေးကုသ ပေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ရေဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်အနိမ့်ပိုင်း၌ မူးမြစ်ရေမြင့်တက်လာမှုကြောင့် ရပ်ကွက်အတွင်းသို့ မြစ်ရေစီးဝင်ရောက်မှုအခြေအနေအား ကြည့်ရှု စစ်ဆေး
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ်၊ ရေဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်အနိမ့်ပိုင်း၌ မူးမြစ်ရေမြင့်တက်လာမှုကြောင့် ရပ်ကွက်အတွင်းသို့ မြစ်ရေစီးဝင်ရောက်မှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းသူရ ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးကျေးရွာ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း အမှတ်စဉ်(၁၈)သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်၊ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးကျေးရွာ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်းအမှတ်စဉ်(၁၈)သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် သင်တန်းသား/ သူများ စုစုပေါင်းအင်အား ၄၅ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
တိုက်ကြီးမြို့နယ်၊ တော်လတီကျေးရွာအုပ်စု၊ တော်လတီ ဘုန်းတော်ကြီးကျောင်း၌ ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်၊ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ တော်လတီကျေးရွာအုပ်စု၊ တော်လတီဘုန်းတော်ကြီးကျောင်း၌ ဒေသတွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေးတွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသူအောင်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာနေ တောင်သူများ စုစုပေါင်းအင်အား ၅၀ ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ထားဝယ်မြို့သာသနာ့ဗိမာန်၌ ကျင်းပ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ်အဖြစ် သက်ကြီးဘိုး/ ဘွားများ ပူဇော်ကန်တော့ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ နံနက် ၁၀ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် ခရိုင်၊ ထားဝယ်မြို့နယ်၊ ထားဝယ်မြို့၊ သာသနာ့ဗိမာန်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ်အဖြစ် သက်ကြီးဘိုး/ ဘွားများပူဇော်ကန်တော့ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အဘိုး ၁၃ ဦး၊ အဘွား ၂၂ ဦး၊ စုစုပေါင်းသက်ကြီးဘိုးဘွား ၂၅ ဦးတို့အား အလှူငွေများလှူဒါန်းခြင်း၊ အသုံးအဆောင်ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မင်းဘူးမြို့၊ နမ္မဒါဘိုးဘွားရိပ်သာရှိ သက်ကြီး ဘိုးဘွားများအား အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ်အနေဖြင့် ထောက်ပံ့ငွေ လှူဒါန်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေအား ကြည့်ရှုအားပေး
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ နံနက် ၈ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ မင်းဘူးမြို့နယ်၊ မင်းဘူးမြို့၊ နမ္မဒါဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွားများအား အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ်အနေဖြင့် သက်ကြီးဘိုးဘွား ၁၅ ဦးအတွက် တစ်ဦးလျှင် လှူဒါန်းငွေ ၁၀,၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၄၉၂,၀၀ဝ ကျပ်၊ အချိုရည်၊ အာဟာရမုန့်များ ထောက်ပံ့လှူဒါန်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာန ဆိုင်ရာများမှတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မြင်းခြံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဘိုးဘွားရိပ်သာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် “အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့” အထိမ်းအမှတ်အဖြစ် သက်ကြီး ဘိုး/ ဘွားများအားပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ မြင်းခြံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဘိုးဘွားရိပ်သာဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် “အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့” အထိမ်းအမှတ်အဖြစ်သက်ကြီးဘိုး/ ဘွားများအား ပူဇော်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်းအင်အား ၃၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ချမ်းမြသာစည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်လျက်ရှိသည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၃/၂၀၂၆)၌ သင်ခန်းစာဘာသာရပ်များ ဆွေးနွေးပို့ချ
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ဖွင့်လှစ်လျက်ရှိသည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများလုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း(၃/၂၀၂၆)၌ သင်တန်းသားများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ညွန့်သည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ၊ မူဝါဒပိုင်းဆိုင်ရာများနှင့် လမ်းညွှန် ချက်များအား ဆွေးနွေးပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မွန်ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၆၂)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်ခန်းမ၌ ကျင်းပ ပြုလုပ်သည့် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ အဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး ဆုရရဲတပ်ဖွဲ့ဝင်များအား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံ မြို့နယ်၊ ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်နှင့် အရာရှိကြီးများသည် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်လင်း၊ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူး၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စုစုပေါင်းအင်အား ၃၀၀ ဦးနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
တောင်တွင်းကြီးမြို့နယ်၊ ငမင်ကျေးရွာအုပ်စု၊ ညောင်နီကျေးရွာ၊ ကွင်းအမှတ်(၂၇၈၆၊ ရွှေမော်ဓောကွင်း)တွင် ဝါစိုက်တောင်သူ ဦးဇော်မင်းဦး၏ စိုက်ခင်းအတွင်း ဝါပင်များ စိုက်ပျိုးဖြစ်ထွန်းနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်၊ ညနေ ၄ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ငမင်ကျေးရွာအုပ်စု၊ ညောင်နီကျေးရွာ၊ ကွင်းအမှတ်(၂၇၈၆၊ ရွှေမော်ဓောကွင်း)တွင် ဝါစိုက်တောင်သူ ဦးဇော်မင်းဦး၏ စိုက်ခင်းအတွင်း ဝါပင်များစိုက်ပျိုးဖြစ်ထွန်းနေမှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်စိုးသည် မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →