← Home
GAD news 13 Nov, 2026

ချမ်းအေးသာစံမြို့နယ်၊ ဒိုင်းမွန်းပလာဇာ၊ ရတနာပုံဈေး၊ ရတနာ Mall နှင့် Ocean Super Market တို့တွင် မီးဘေးလုံခြုံမှုရှိစေရေးတို့အတွက် ကြိုတင်ပြင်ဆင် ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ ခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ဒိုင်းမွန်းပလာဇာ၊ ရတနာပုံဈေး၊ ရတနာ Mall နှင့် Ocean Super Market တို့တွင် မီးဘေးလုံခြုံမှုရှိစေရေးတို့အတွက် မြေအောက်မီးသတ်ရေကန်နှင့် ရေငုတ်များကောင်းမွန်မှု ရှိ/မရှိ၊ စျေးရုံအတွင်း/ အပြင်ရှိ မီးသတ်ပိုက်များ ကောင်းမွန်မှုရှိ/ မရှိတို့အား တိုင်းဒေသကြီးမီးသတ် ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ညွန့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ စုစုပေါင်းအင်အား ၅၀ ဦးတို့ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။