သတင်းများ

သတင်းများ
10 Sep, 2026

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပပြုလုပ်သည့် ကွမ်ကသောင်ကျေးရွာအုပ်စု၊ ဖာတလယ်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းသား/ သူ များအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ထုတ်ပေးခြင်းအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်၊ နံနက် ၁၀ နာရီတွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ပညာရေးမှူးရုံး၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ကျင်းပပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ရက်(၁၀၀) လမင်းစီမံချက်ဖြင့် ကွမ်ကသောင် ကျေးရွာအုပ်စု၊ ဖာတလယ်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းသား/ သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ထုတ်ပေးခြင်းအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ဆရာ/ မများ၊ ကျောင်းသား/ သူများတက်ရောက်ခဲ့ပြီး ကျောင်းသား/ သူ ၅၆ ဦးတို့အား နိုင်ငံသား စိစစ်ရေးကတ်နှင့် UID ကတ်များဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
10 Sep, 2026

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်၊ နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်း မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် ဘီးလင်းမြို့၊ မီးသတ်စခန်းရှေ့မှ ဘိုးလှကြီး(၂) ၂၀၀ ကေဗွီအေအထိ ACSR 95mm2 ဖြင့် ဆွဲထားသော ၁၁ ကေဗွီ မြို့တွင်းလိုင်းပေ ၂၀၀၀ အား SAC 120 mm2 လဲလှယ်တည်ဆောက်ခြင်းလုပ်ငန်းနှင့် ကန်သာယာရပ်ကွက်(၈)၊ ဗန္ဓုလ(၁)လမ်းတွင် Insulated Cable 95 mm2 များဖြင့် ပေ ၇၀၀ အသစ် တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် ခရိုင်/ မြို့နယ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
10 Sep, 2026

Attended the ceremony to issue Citizenship Scrutiny Cards and UID cards to students from the Basic Education Middle School in Phar Ta Lei Village, Kwam Ka Thaung Village Tract, held at the Township Education Office in Kya-in Seikkyi Township

On the morning of September 10, 2026, District Administrator U Min Khaing Win, Chairman of the District Management and Administration Committee, along with local administrative officials, departmental officers, teachers, and students, attended a ceremony to issue Citizenship Scrutiny Cards and UID cards to 56 students from the Basic Education Middle School in Phar Ta Lei Village, Kwam Ka Thaung Village Tract, organized by the Township Department of Immigration and Population under the state government's 100-Day "La Min" Project at the Township Education Office in Kya-in Seikkyi Township, Kayin State

အပြည့်အစုံဖတ်ရန် →
သတင်းများ
10 Sep, 2026

Inspected the completion status of state-funded power supply projects being implemented for the 2026–2027 fiscal year in Bilin Township, Kyaikto District, Mon State.

On the morning of September 10, 2026, District Administrator U Kan Saw Hlaing, Chairman of the District Management and Administration Committee, along with members of the district and township construction supervision committees, conducted a field inspection in Bilin Township, Mon State, to review the progress of state-funded electricity projects for the 2026–2027 fiscal year, including replacing 2,000 feet of 11 kV power line with SAC 120 mm² cables from the Bilin Fire Station to Boh La Gyi (2) 200 kVA, and installing 700 feet of new Insulated Cable 95 mm² on Bandula (1) Road in Kantharyar Ward (8).

အပြည့်အစုံဖတ်ရန် →
သတင်းများ
10 Sep, 2026

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်၊ နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(တိုင်းဒေသကြီးအဆင့်)ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ချို၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၆ ခုမှ ပြိုင်ပွဲဝင်ဦးရေ ၂၅၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
10 Sep, 2026

ကျောက်ဆည်မြို့၊ ဧမြကြည်လင်ရပ်ကွက်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၊ သုံးထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကျေးလက်လူငယ်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်၊ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ကျောက်ဆည်မြို့၊ ဧမြကြည်လင်ရပ်ကွက်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၊ သုံးထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကျေးလက်လူငယ်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဟိန်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ မများ၊ ကျောင်းသား/ သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကျေးလက်နေလူငယ်လူရွယ်များ စုစုပေါင်းအင်အား ၁၂၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
09 Sep, 2026

ဘီးလင်းမြို့နယ်၊ အ.ထ.က(တောင်စွန်း)ကျောင်း၊ ရတနာဥယျာဉ်ခန်းမ၌ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ထုတ်ပေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊ အ.ထ.က(တောင်စွန်း)ကျောင်း၊ ရတနာဥယျာဉ်ခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ကျောင်းသား/သူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်နှင့် UID ကတ်တို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီစိစစ်၍ စနစ်တကျထုတ်ပေးနေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ နှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား/ သူ ၁၃၅ ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
09 Sep, 2026

ကယားပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်၊ နံနက် ၉ နာရီတွင် ကယားပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
09 Sep, 2026

လားရှိုးမြို့နယ်၊ လားရှိုးမြို့၊ အထက(၆)ကျောင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်၊ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ လားရှိုးမြို့၊ အထက(၆)ကျောင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့၊ "ကမ္ဘာမြေနှင့်လူသားများ သာယာဝပြောဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့" အခမ်းအနားသို့ ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းသည် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့်အတူ တက်ရောက်ခဲ့ပြီး ဆုရရှိသည့် ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
09 Sep, 2026

ပျဉ်းမနားမြို့နယ်၊ သစ်တွန်ကျေးရွာအုပ်စု၊ ဖလောင်း ကျေးရွာရှိ ဇီးရိုင်းချောင်းအလယ်ကူးတံတားကမ်းကပ်ခုံ ချောင်းရေတိုက်စားမှုကြောင့် နိမ့်ကျွံသွားမှုအပေါ် ပြည်သူများသွားလာနိုင်ရေး ရှင်းလင်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၊ သစ်တွန်ကျေးရွာအုပ်စု၊ ဖလောင်းကျေးရွာရှိ ဇီးရိုင်းချောင်းအလယ်ကူး တံတားကမ်းကပ်ခုံ ချောင်းရေတိုက်စားမှုကြောင့် နိမ့်ကျွံသွားမှုအပေါ် ယာယီသွားလာနိုင်ရေးနှင့် ဖလောင်း ကျေးရွာသွားလမ်းမပေါ်တွင် တောင်ကျရေတိုက်စားမှုကြောင့် မြေပြိုကျ၍ လမ်းမပေါ်တွင် ကျောက်တုံးနှင့် မြေများ ပိတ်ဆို့ခြင်း၊ လျှပ်စစ်ဓာတ်တိုင်များ ပြိုလဲခြင်းများကို ခရိုင်/ မြို့နယ်လမ်းဦးစီးဌာနမှတာဝန် ရှိသူများ၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရှိ ဝန်ထမ်းများမှ ပြည်သူများသွားလာနိုင်ရေး ရှင်းလင်းဆောင်ရွက်နေမှုအား နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး၊ ခရိုင်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
09 Sep, 2026

ထားဝယ်မြို့နယ်၊ ထားဝယ်မြို့၊ ပုလဲဧကရီခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထားဝယ်မြို့၊ ပုလဲဧကရီခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ တိုင်းဒေသကြီး/ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းညွန့်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ စုစုပေါင်း အင်အား ၂၅၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
09 Sep, 2026

ပြင်ဦးလွင်မြို့နယ်၊ ရွှေသင်းကျေးရွာနှင့် သိုက်တော(ဘော်) ကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ကျေးရွာအုပ်စုသွားလမ်းပေါ်ရှိ Pipe Culvert ရေပြွန်တာဘောင်ပျက်စီးမှုအား ပြန်လည်ပြုပြင်နိုင်ရေး‌အတွက် ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရွှေသင်းကျေးရွာနှင့် သိုက်တော(ဘော်)ကျေးရွာအုပ်စု၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ကျေးရွာအုပ်စုသွားလမ်းပေါ်ရှိ Pipe Culvert ရေပြွန်တာဘောင်ပျက်စီးမှုအား ပြန်လည်ပြုပြင်နိုင်ရေး‌အတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →