← Home
GAD news
11 Nov, 2026
မူဆယ်မြို့၊ မိုးလုံလေလုံအားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ၂၀၂၆ ခုနှစ်၊ ကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲ အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်၊ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မူဆယ်မြို့၊ ခရစ်ယာန်ရပ်ကွက်၊ မိုးလုံလေလုံအားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ၂၀၂၆ ခုနှစ်၊ ကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲအခမ်းအနားသို့ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဆရာ/ မများ၊ ကျောင်းသား/ သူများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စုစုပေါင်းအင်အား ၅၀၀ ဦးတို့ တက်ရောက်ခဲ့ပြီး ဆုရရှိသောအသင်းများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။