← Home
GAD news 12 Nov, 2026

ရေဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ မကြီးတောကျေးရွာနေ ဒေသခံတောင်သူများအား ဒေသနှင့်ကိုက်ညီသည့် ကော်ဖီစိုက်ပျိုးနိုင်ရေး စည်းရုံး‌ဆွေးနွေးခြင်း အခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်၊ နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ မကြီးတောကျေးရွာနေ ဒေသခံတောင်သူ ၅၀ ဦးတို့အား ဒေသနှင့် ကိုက်ညီသည့် ကော်ဖီစိုက်ပျိုးနိုင်ရေးစည်းရုံး‌ဆွေးနွေးခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းသူရ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။