← Home
GAD news 11 Nov, 2026

ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်ဓမ္မာရုံများ၌ အသက် ၅ လမှ ၅၉ လအတွင်းရှိ ကလေးငယ်များအား ဝက်သက်ဂျိုက်သိုးရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုအားပေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်၊ နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်ဓမ္မာရုံများ၌ အသက် ၅ လမှ ၅၉ လအတွင်းရှိ ကလေးငယ်များအား ဝက်သက်ဂျိုက်သိုးရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်နေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး သူရရန်နိုင်ဦးသည် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ခရိုင်/ မြို့နယ်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။