← Home
GAD news
16 Nov, 2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၊ မင်းဘူး-စကုလမ်းမကြီးတွင် အယ်လ်နီညိုအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၊ မင်းဘူး-စကုလမ်းမကြီးတွင် အယ်လ်နီညိုရာသီဥတုနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်ဆောင်ရန်/ ရှောင်ရန်များနှင့် အယ်လ်နီညိုကာလအတွင်း တောမီးနှင့်အခြားမီးလောင်ကျွမ်းမှု မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေးလုပ်ငန်းများအား အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာစေရန်အတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များနှင့်အတူ လမ်းသွားလမ်းလာပြည်သူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။