← Home
GAD news 16 Nov, 2026

ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံမြို့၊ မိုင်းခွန်တပ်နယ်အတွင်းရှိ အမှတ်(၂၄၄)ခြေလျင် တပ်ရင်း အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်၊ မွန်းလွဲ ၁၂ နာရီတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံမြို့၊ မိုင်းခွန်တပ်နယ်အတွင်းရှိ အမှတ်(၂၄၄)ခြေလျင်တပ်ရင်း အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သား များအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာထွန်းနှင့် အရာရှိကြီးများ၊ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်လင်း၊ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဒေသခံ တိုင်းရင်းသားပြည်သူများမှ ကြိုဆိုခဲ့ကြောင်း သတင်းရရှိပါသည်။