← Home
GAD news 19 Nov, 2026

ချောင်းဆုံမြို့နယ်၊ ကလွီကျေးရွာ၊ တောင်သူဒေါ်သန်းလှ၏ လယ်မြေ၌ ကျင်းပပြုလုပ်သည့် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းနှင့် ဒုတိယသီးနှံသီးထပ်စိုက်ပျိုးရန် နေကြာနှင့် ဆီပဲပုပ် မျိုးစေ့များ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနား

News Photo News Photo
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်၊ နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ကလွီကျေးရွာ၊ တောင်သူဒေါ်သန်းလှ၏ လယ်မြေ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါး စံကွက်ရိတ်သိမ်းခြင်းနှင့် ဒုတိယသီးနှံသီးထပ်စိုက်ပျိုးရန် နေကြာနှင့် ဆီပဲပုပ်မျိုးစေ့များ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။