← Home
GAD news 04 Nov, 2026

လွိုင်ကော်မြို့နယ်၊ လွိုင်ကော်မြို့၊ နောင်ယား(ခ)ရပ်ကွက်၌ ကတ္တရာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်၊ နံနက် ၈ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော် မြို့နယ်၊ လွိုင်ကော်မြို့၊ နောင်ယား(ခ)ရပ်ကွက်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ပြည်နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် အမှတ်(၆)လမ်း၊ သီရိဒေါလမ်းနှင့် ဦးနီလမ်းကြား ကတ္တရာကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ ပြည်နယ်အဆင့်သက်ဆိုင်ရာဌာနတာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။