← Home
GAD news
03 Nov, 2026
ကော့သောင်းမြို့နယ်၊ ကော့သောင်းမြို့၊ Victoria Cliff Hotel ၌ ကျင်းပပြုလုပ်သည့် “ဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲ” အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်၊ နေ့လယ် ၂ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ကော့သောင်းမြို့၊ အေးချမ်းမြိုင်ရပ်ကွက်၊ Victoria Cliff Hotel ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျင်းပပြုလုပ်သည့် “ဒေသတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။