← Home
GAD news
04 Nov, 2026
ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌ (၃၈)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်၊ နံနက် ၉ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနား ခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်ခုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီး၌ (၃၈)နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ အရာထမ်း/ အမှုထမ်းများနှင့် နေပြည်တော်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်ထွန်းနှင့်ဇနီး၊ နေပြည်တော်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းနှင့်ဇနီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ အရာထမ်း/ အမှုထမ်းများ၊ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ပြီး သွေးလှူဒါန်းသည့် အရာထမ်း/ အမှုထမ်း ၁၂၄ ဦးတို့အား ကြက်ဥ၊ ငှက်ပျောသီးနှင့် နွားနို့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။