သတင်းများ
သတင်းများ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၊ အ.ထ.က(၂)စာဖြေဌာနတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ Grade - 12 ကျောင်းသား/ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအခြေအနေများအား ကြည့်ရှုအားပေး
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်၊ မွန်းလွဲ ၁၂ နာရီတွင် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၊ အ.ထ.က(၂)စာဖြေဌာနတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ Grade- 12 ကျောင်းသား/ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများအား အချိုရည်နှင့်မုန့်များ ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ဒုန်းကုန်းကျေးရွာအုပ်စုအတွင်း နေထိုင်သူ ဦးကျော်ဦးမှ လယ်ယာမြေပေါ်တွင် အုတ်ဖုတ်လုပ်ငန်းဆောင်ရွက်ရန်အတွက် အခြားနည်း အသုံးပြုခွင့်လျှောက်ထားလာမှုအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ ခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ဒုန်းကုန်းကျေးရွာအုပ်စုအတွင်း နေထိုင်သူ ဦးကျော်ဦးမှ လယ်ယာမြေပေါ်တွင် အုတ်ဖုတ်လုပ်ငန်းဆောင်ရွက်ရန်အတွက် အခြားနည်းအသုံးပြုခွင့်လျှောက်ထားလာမှုအား ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ ခရိုင်မြေစာရင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်ဇော်လင်း၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာကျော်ထိန်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထို မြို့နယ်၊ အ.ထ.က(၁)နှင့် အ.ထ.က(၂)ကျောင်းများ၌ Grade - 12 ကျောင်းသား/ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထို မြို့နယ်၊ အ.ထ.က(၁)နှင့် အ.ထ.က(၂)ကျောင်းများ၌ Grade- 12 ကျောင်းသား/ ကျောင်းသူများ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေမှုအခြေအနေများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုူစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ဝါးကောက်တောကျေးရွာအုပ်စု၊ ဝါးကောက်တောကျေးရွာ၌ နွေစပါး ၃၀ ဧက စံပြကွက်အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေး ခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ဝါးကောက်တောကျေးရွာအုပ်စု၊ ဝါးကောက်တောကျေးရွာ၊ ကွင်းအမှတ် (၃၆၃-A)၊ ဦးပိုင်အမှတ် (၁၄/၈)၊ တောင်သူ ဦးခင်မောင်အေး၏ လယ်မြေပေါ်တွင် မျိုးစေ့ချစက် Seeder ဖြင့် စိုက်ပျိုးထားရှိသည့် နွေစပါး ၃၀ ဧက စံပြကွက်အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေ များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညွန့်နွယ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ ပုန်ခုန်ကောင်းရပ်ကွက်၊ အထက(၁)ကျောင်း၌ Grade - 12 ကျောင်းသား/ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအခြေအနေများအား ကြည့်ရှု အားပေး
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်၊ နံနက် ၉ နာရီတွင် ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ ပုန်ခုန်ကောင်းရပ်ကွက်၊ အထက(၁)ကျောင်း၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်တွင် Grade- 12 ကျောင်းသား/ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအခြေအနေများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁၀၀ ဦးတို့ဖြင့် ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများအား ကိတ်မုန့်နှင့် အချိုရည်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ပြည်နယ်လွှတ်တော်ရုံးရေးရာကော်မတီများ ခန်းမဆောင်၌ တတိယအကြိမ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအတွက် လွှတ်တော်အကြို မိတ်ဆက်ခြင်းအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်၊ နံနက် ၉ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ပြည်နယ်လွှတ်တော်ရုံးရေးရာကော်မတီများခန်းမဆောင်၌ တတိယအကြိမ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များအတွက် လွှတ်တော်အကြိုမိတ်ဆက်ခြင်းအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်အစည်းအဝေးကျင်းပရေး ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများ၊ ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်၊ ရုံးတောင်လမ်းရှိ ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးဝင်းအတွင်း CCTV Control Room မှ မြိတ်မြို့၊ လမ်းဆုံ၊ လမ်းခွများ၌ လုံခြုံရေးကင်မရာများ တပ်ဆင် ပြင်ဆင်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်၊ နံနက် ၁၀ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်၊ ရုံးတောင်လမ်းရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးဝင်းအတွင်း CCTV Control Room မှ မြိတ်မြို့၊ လမ်းဆုံ၊ လမ်းခွများ၌ လုံခြုံရေးကင်မရာများတပ်ဆင်ပြင်ဆင်ပြီးစီးမှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ရှိ အ.ထ.က(ငဖဲ)နှင့် အ.ထ.က(ပဒါန်း)စာစစ်ဌာန တို့တွင် Grade - 12 ကျောင်းသား/ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအခြေအနေ များအား ကြည့်ရှုအားပေး
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်၊ နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲ မြို့နယ်ရှိ အ.ထ.က(ငဖဲ)နှင့် အ.ထ.က(ပဒါန်း)စာစစ်ဌာနတို့တွင် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ Grade- 12 ကျောင်းသား/ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဆဋ္ဌမနေ့ ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ် ဖြေဆိုနေမှုအခြေအနေများနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ပေးနေမှုအခြေအနေတို့အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာနများသို့ တစ်ဖက်ကမ်းမှ ရေယာဉ်စီးနင်း၍ လာရောက်ဖြေဆိုသည့် ကျောင်းသား/ ကျောင်းသူများအန္တရာယ်ကင်းရှင်းစေရန် Life Jacket ဝတ်ဆင်စေရေး ရေယာဉ်ဂိတ်များသို့ သွားရောက်၍ အနီးကပ်ကြပ်မတ်
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ Grade - 12 ကျောင်းသား/ ကျောင်းသူများ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်း၊ ဒုတိယဗိုလ်မှူးကြီး ဇော်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် တစ်ဖက်ကမ်းမှ ရေယာဉ် စီးနင်းသည့် ကျောင်းသား/ ကျောင်းသူများ Life Jacket ဝတ်ဆင်စေရေး ရေယာဉ်ဂိတ်များသို့ သွားရောက်၍ အနီးကပ်ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ရှမ်းပြည်နယ် ၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စာစစ် ဌာနတွင် Grade - 12 ကျောင်းသား/ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအခြေအနေ များအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်၊ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ် ၊ မူဆယ်ခရိုင်၊ မူဆယ် မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ Grade- 12 ကျောင်းသား/ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရွေးနဒီ ခန်းမတွင် မြို့နယ်အတွင်း စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမြင့်တက်မှုမရှိစေရေးတို့ အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်၊ နံနက် ၁၁ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရွေးနဒီခန်းမတွင် မြို့နယ်အတွင်း စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမြင့်တက်မှုမရှိစေရေးတို့အတွက် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရေးကော်မတီဝင်များနှင့်အတူ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ စုစုပေါင်းအင်အား ၇၀ ဦးတို့ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ပြည်နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် ပြည်နယ်ပညာရေးမှူးရုံးတို့ပူးပေါင်း ဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ် နွေရာသီအခြေခံအား ကစားသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်၊ နံနက်၈ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ပညာရေးမှူးရုံးတို့ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/သူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →