← Home
GAD news 29 Sep, 2026

တံတားဦးမြို့နယ်အတွင်းရှိ အ.ထ.က(တောင်ဘီလူ)ကျောင်းတွင် KG တက်ရောက်နေသော ကလေးငယ်များအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ကျောင်းတွင်းနေ့လည်စာ အာဟာရကျွေးမွေးခြင်းအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦး ခရိုင်၊ တံတားဦးမြို့နယ်အတွင်းရှိ အ.ထ.က(တောင်ဘီလူ)ကျောင်းတွင် မြို့နယ်ပညာရေးနှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ KG တက်ရောက်နေသော ကလေးငယ်များအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ကျောင်းတွင်းနေ့လည်စာအာဟာရကျွေးမွေးခြင်းအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းသည် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများမှတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။