← Home
GAD news
28 Sep, 2026
လားရှိုးမြို့၊ အမှတ်(၂၀)ယာဥ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ရှမ်းမြောက်)၊ အမှတ်(၁၂၃)ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(လားရှိုး)၌ (၆၂)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ပြည်သူလူထုသို့ လုံခြုံစိတ်ချရသောဆိုင်ကယ်စီးဦးထုပ်များပေးဝေ
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်၊ နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ လားရှိုးမြို့၊ အမှတ်(၂၀)ယာဥ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ရှမ်းမြောက်)၊ အမှတ်(၁၂၃)ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး (လားရှိုး)၌ (၆၂)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း ဦးဆောင်၍ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး၊ ခရိုင်/ မြို့နယ်ရဲတပ်ဖွဲ့မှူးများနှင့်အတူ ပြည်သူလူထုသို့ လုံခြုံစိတ်ချရသောဆိုင်ကယ်စီးဦးထုပ် အလုံး ၅၀၀ အား အခမဲ့ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။