← Home
GAD news
29 Sep, 2026
ထားဝယ်မြို့၌ ဖွင့်လှစ်ထားရှိသော ရေဘေးရှောင်ယာယီကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ သွားရောက်ထောက်ပံ့
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်၊ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထားဝယ်မြို့၊ ကညုံရပ်ရှိ ဇဗ္ဗူထိန်လင်းဘုန်းတော်ကြီးကျောင်းနှင့် ဘုမ္မော်ရပ်ကွက်ရှိ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာအဖွဲ့ခွဲ အမှတ်(၁၅)တို့၌ ဖွင့်လှစ်ထားရှိသော ရေဘေးရှောင် ယာယီကယ်ဆယ်ရေးစခန်းရှိ ရေဘေးသင့်ပြည်သူများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းညွန့်မှ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။