← Home
GAD news 28 Sep, 2026

ကော့သောင်းမြို့၌ ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးခြင်းနှင့် စာရင်းကောက်ယူခြင်းအား ကွင်းဆင်း စစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်၊ နံနက် ၁၁ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း ခရိုင်၊ ကော့သောင်းမြို့နယ်၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်ရှိ VIEW POINT Bar Restaurant ၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးခြင်းနှင့် စာရင်းကောက်ယူခြင်းအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်သည် မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ခရိုင်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာစာရင်းကောက်ယူရေးလုပ်ငန်းအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။