← Home
GAD news 28 Sep, 2026

မိုင်းတုံမြို့နယ်ပြည်သူ့ဆေးရုံ၌ ခရိုင်ရဲတပ်ဖွဲ့မှ ကြီးမှူးကျင်းပသည့် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးနှင့် သွေးလှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်၊ နံနက် ၇ နာရီတွင် ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံ၌ ခရိုင်ရဲတပ်ဖွဲ့မှကြီးမှူးကျင်းပသည့် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆို ဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးနှင့် သွေးလှူဒါန်းပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်သီဟ၊ စစ်ဗျူဟာအဖွဲ့(အခြေချ)မိုင်းတုံမှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးမျိုးမင်းစိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တပ်ဖွဲ့မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။