သတင်းများ

သတင်းများ
09 Sep, 2026

ကယားပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်၊ နံနက် ၉ နာရီတွင် ကယားပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
09 Sep, 2026

လားရှိုးမြို့နယ်၊ လားရှိုးမြို့၊ အထက(၆)ကျောင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်၊ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ လားရှိုးမြို့၊ အထက(၆)ကျောင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့၊ "ကမ္ဘာမြေနှင့်လူသားများ သာယာဝပြောဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့" အခမ်းအနားသို့ ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းသည် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့်အတူ တက်ရောက်ခဲ့ပြီး ဆုရရှိသည့် ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
09 Sep, 2026

ပျဉ်းမနားမြို့နယ်၊ သစ်တွန်ကျေးရွာအုပ်စု၊ ဖလောင်း ကျေးရွာရှိ ဇီးရိုင်းချောင်းအလယ်ကူးတံတားကမ်းကပ်ခုံ ချောင်းရေတိုက်စားမှုကြောင့် နိမ့်ကျွံသွားမှုအပေါ် ပြည်သူများသွားလာနိုင်ရေး ရှင်းလင်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၊ သစ်တွန်ကျေးရွာအုပ်စု၊ ဖလောင်းကျေးရွာရှိ ဇီးရိုင်းချောင်းအလယ်ကူး တံတားကမ်းကပ်ခုံ ချောင်းရေတိုက်စားမှုကြောင့် နိမ့်ကျွံသွားမှုအပေါ် ယာယီသွားလာနိုင်ရေးနှင့် ဖလောင်း ကျေးရွာသွားလမ်းမပေါ်တွင် တောင်ကျရေတိုက်စားမှုကြောင့် မြေပြိုကျ၍ လမ်းမပေါ်တွင် ကျောက်တုံးနှင့် မြေများ ပိတ်ဆို့ခြင်း၊ လျှပ်စစ်ဓာတ်တိုင်များ ပြိုလဲခြင်းများကို ခရိုင်/ မြို့နယ်လမ်းဦးစီးဌာနမှတာဝန် ရှိသူများ၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရှိ ဝန်ထမ်းများမှ ပြည်သူများသွားလာနိုင်ရေး ရှင်းလင်းဆောင်ရွက်နေမှုအား နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး၊ ခရိုင်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
09 Sep, 2026

ထားဝယ်မြို့နယ်၊ ထားဝယ်မြို့၊ ပုလဲဧကရီခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထားဝယ်မြို့၊ ပုလဲဧကရီခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ တိုင်းဒေသကြီး/ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းညွန့်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ စုစုပေါင်း အင်အား ၂၅၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
09 Sep, 2026

ပြင်ဦးလွင်မြို့နယ်၊ ရွှေသင်းကျေးရွာနှင့် သိုက်တော(ဘော်) ကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ကျေးရွာအုပ်စုသွားလမ်းပေါ်ရှိ Pipe Culvert ရေပြွန်တာဘောင်ပျက်စီးမှုအား ပြန်လည်ပြုပြင်နိုင်ရေး‌အတွက် ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရွှေသင်းကျေးရွာနှင့် သိုက်တော(ဘော်)ကျေးရွာအုပ်စု၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ကျေးရွာအုပ်စုသွားလမ်းပေါ်ရှိ Pipe Culvert ရေပြွန်တာဘောင်ပျက်စီးမှုအား ပြန်လည်ပြုပြင်နိုင်ရေး‌အတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
08 Sep, 2026

တိုက်ကြီးမြို့နယ်၊ သနပ်ချောင်းကျေးရွာအုပ်စု၊ သနပ်ချောင်း ကျေးရွာ၊ Y.G.W ပရဟိတဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည့် စက်ချုပ်နည်းပညာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်၊ နေ့လယ် ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ သနပ်ချောင်းကျေးရွာအုပ်စု၊ သနပ်ချောင်းကျေးရွာ၊ Y.G.W ပရဟိတဘုန်းတော်ကြီး ကျောင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနမှ ကျင်းပပြုလုပ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့်စီမံကိန်းဖြင့် စက်ချုပ်နည်းပညာသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသူအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ သင်တန်း နည်းပြ၊ သင်တန်းသူများ စုစုပေါင်းအင်အား ၈၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
08 Sep, 2026

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ဘားအံမြို့၊ အထက(၂)ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်၊ နံနက် ၉ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံ မြို့နယ်၊ ဘားအံမြို့၊ အထက(၂)ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား/ သူများ၊ ဆရာ/ မများ စုစုပေါင်းအင်အား ၁၅၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
08 Sep, 2026

မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၊ ဦးသာညှင်းခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်၊ နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင် မြို့နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၊ ဦးသာညှင်း ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားသို့ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့များ၊ ဆရာ/ မများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
08 Sep, 2026

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ ဆရာ/ မများ၊ ကျောင်းသား/ သူများ၊ စုစုပေါင်းအင်အား ၃၀၀ ဦးတို့ တက်ရောက်ခဲ့ပြီး အဂတိလိုက်စားမှုတားဆီးရေးအဖွဲ့ CPU များအနေဖြင့် ဥပဒေ၊ စည်းမျဉ်းအပေါ်အခြေခံ၍ တားဆီးကာကွယ်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီအရေးယူ ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
07 Sep, 2026

မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ မောရဝတီရေတပ်စခန်းဌာနချုပ်၊ အမှတ်(၄၆)စစ်ရေယာဉ်စုအကူရေယာဉ်အုပ်သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအား တူညီဝတ်စုံနှင့် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ မောရဝတီရေတပ်စခန်းဌာနချုပ်၊ အမှတ်(၄၆)စစ်ရေယာဉ်စု အကူရေယာဉ်အုပ်၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား တူညီဝတ်စုံနှင့် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ သင်တန်းသားများတက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
07 Sep, 2026

ကျိုင်းတုံမြို့၊ အမှတ်(၁၁)တပ်မတော်တန်းမြင့်‌လေ့ကျင့်ရေး ကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၈)သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာ များအား ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်၊ နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံ မြို့နယ်၊ ကျိုင်းတုံမြို့၊ အမှတ်(၁၁)တပ်မတော်တန်းမြင့်‌လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၈)သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား ကြိုဆိုပွဲအခမ်းအနားသို့ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်လင်းသည် တြိဂံဒေသတိုင်းစစ် ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်စိုးနှင့် အရာရှိကြီးများ၊ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိစစ်သည်မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်အတူ ကြိုဆိုခဲ့ကြောင်း သတင်းရရှိပါသည်၊၊

အပြည့်အစုံဖတ်ရန် →
သတင်းများ
07 Sep, 2026

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနရုံး အစည်းဝေး ခန်းမ၌ မြို့နယ်မီးသတ်ဦးစီဌာနမှ ကျင်းပပြုလုပ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနရုံး အစည်းဝေးခန်းမ၌ မြို့နယ်မီးသတ်ဦးစီဌာနမှ ကျင်းပ ပြုလုပ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံ ခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား ၅၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →