သတင်းများ

သတင်းများ
01 Jul, 2026

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်းရတနာ ခန်းမတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်း(၁/၂၀၂၆) ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်းရတနာခန်းမတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါသင်တန်းသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းကို သင်တန်းသား ၆၈ ဦးဖြင့် ၁-၇-၂၀၂၆ ရက်မှ ၂၈-၇-၂၀၂၆ ရက်ထိ ၂၈ ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
01 Jul, 2026

ရှမ်းပြည်နယ်၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်၊ နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား ၇၀ ဦးတို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ သင်တန်းကို သင်တန်းသား ၁၃ ဦးဖြင့် ၁-၇-၂၀၂၆ ရက်မှ ၂၈-၇-၂၀၂၆ ရက်ထိ ၂၈ ရက်ကြာ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
01 Jul, 2026

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိ ခန်းမ၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း (၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်၊ နံနက် ၉ နာရီ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး/ အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်း၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ နေပြည်တော်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စုစုပေါင်း ၁၁၆ ဦးတို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ သင်တန်းကို သင်တန်းသား ၆၀ ဦးဖြင့် ၁-၇-၂၀၂၆ ရက်မှ ၂၈-၇-၂၀၂၆ ရက်ထိ ၂၈ ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
14 Jun, 2026

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း(၂/၂၀၂၆)သင်တန်းတွင် သင်တန်းပို့ချနေမှုများအား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်၊ နံနက် ၁၁ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေး ခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၂/၂၀၂၆)တွင် သင်တန်းသား ၇၇ ဦးတို့ကို သင်တန်းပို့ချနေမှုအခြေအနေများအား နေပြည်တော်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ထွန်းသည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လွင်၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ နှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်

အပြည့်အစုံဖတ်ရန် →
သတင်းများ
02 Jun, 2026

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ ဗလမင်းထင်စံပြစိုက်ကွင်း၌ ကျင်းပ ပြုလုပ်သည့် သဘာဝဓာတ်မြေဩဇာ(ပိုက်ဆံလျှော်)အသုံးပြုခြင်း ကွင်းသရုပ်ပြပွဲသို့ ကြည့်ရှုအားပေး

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်၊ နံနက် ၈ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ ဗလမင်းထင်စံပြစိုက်ကွင်း၌ ကျင်းပပြုလုပ်သည့် သဘာဝဓာတ်မြေဩဇာ(ပိုက်ဆံလျှော်) အသုံးပြုခြင်း ကွင်းသရုပ်ပြပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
02 Jun, 2026

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အားကစားနှင့်ကာယပညာ သိပ္ပံ(လွိုင်ကော်)၌ ကျင်းပပြုလုပ်သည့် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်၊ နံနက် ၉ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)၌ ကျင်းပပြုလုပ်သည့် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
01 Jun, 2026

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြင့် စာသင်ကြားနေမှု အခြေအနေများနှင့် ကျောင်းများဖွင့်လှစ်နိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြင့် စာသင်ကြားနေမှုအခြေအနေများနှင့် ကျောင်းများဖွင့်လှစ်နိုင်မှု အခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင် ဦးဆောင်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ဆရာ/ ဆရာမများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
01 Jun, 2026

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြင့် စာသင်ကြားနေမှု အခြေအနေများနှင့် ကျောင်းများဖွင့်လှစ်နိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြင့် စာသင်ကြားနေမှုအခြေအနေများနှင့် ကျောင်းများဖွင့်လှစ်နိုင်မှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် အဖွဲ့ဝင်များ နှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
01 Jun, 2026

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ သင်ပန်းကုန်းကျေးရွာ၌ အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်း(ဆပ်ပြာ)ပြုလုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်၊ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ သင်ပန်းကုန်းကျေးရွာအုပ်စု၊ သင်ပန်းကုန်းကျေးရွာ၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်း(ဆပ်ပြာ)ပြုလုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း၊ ခရိုင်အသေးစားစက်မှုလက်မှု့ဦးစီးဌာနခရိုင်ဦးစီးမှူး ဦးထိုက်တန်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့နှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
01 Jun, 2026

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ အ.ထ.က(၁)နှင့် အ.ထ.က(၂)ကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြင့် စာသင်ကြားနေမှုအခြေအနေများနှင့် ကျောင်းများဖွင့်လှစ်နိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထို မြို့နယ်၊ အ.ထ.က(၁)နှင့် အ.ထ.က(၂)ကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြင့် စာသင်ကြားနေမှုအခြေအနေများနှင့် ကျောင်းများဖွင့်လှစ်နိုင်မှု အခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ နှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
01 Jun, 2026

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ရွာမပိုင်းရပ်ကွက်၊ ရေစီးရေလာကောင်းမွန်စေရေး ဘက်ဟိုးစက်ယန္တရားများဖြင့် အမှိုက်များဆယ်ယူနေမှုအား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ရွာမပိုင်းရပ်ကွက်၊ ကန်စွန်းနွယ်အပိုင်နှင့် နွယ်ခွေကျေးရွာအုပ်စု၊ ဂူကြီးကုန်း ကျေးရွာအကြားရှိ ရုပ်ရှင်ရုံရိုးမြောင်းအမှိုက်သရိုက်များပိတ်ဆို့နေပါသဖြင့် ရေစီးရေလာကောင်းမွန် စေရေးအတွက် ဘက်ဟိုးစက်ယန္တရားများဖြင့် အမှိုက်များဆယ်ယူနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဘုန်းမြတ်သူ ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ စည်ပင်သာယာရေးအဖွဲ့များ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
01 Jun, 2026

ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်၊ အ.ထ.က(မိုင်းတုံ)စာသင်ကျောင်းတွင် စာသင်ကြားနေမှု အခြေအနေများနှင့် ကျောင်းများဖွင့်လှစ်နိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်၊ အ.ထ.က(မိုင်းတုံ)စာသင်ကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြင့် စာသင်ကြားနေမှုအခြေအနေများနှင့် ကျောင်းများဖွင့်လှစ်နိုင်မှု အခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်သီဟ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ နှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →