သတင်းများ
သတင်းများ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ ခရိုင်အားကစားကွင်းအတွင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွင်ပါဝင်သည့် အပြင်ပတ်လမ်း၊ အတွင်းပတ်လမ်း အုတ်ရေမြောင်းပြုလုပ်နေမှုအခြေအနေ များအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်၊ နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ ခရိုင်အားကစားကွင်းအတွင်း၌ အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သော ခရိုင်အားကစားကွင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများတွင် ပါဝင်သည့် အားကစားကွင်းအပြင်ပတ်လမ်း၊ အတွင်းပတ်လမ်းအုတ်ရေမြောင်းပြုလုပ်နေမှုအခြေအနေ များအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင် ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) တိုက်ပွဲကာလဖြစ်စဥ်အတွင်း ထိခိုက်ပျက်စီးခဲ့သည့် မြို့တော်ခန်းမပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်၊ နေ့လယ် ၂ နာရီတွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) တိုက်ပွဲကာလဖြစ်စဥ်အတွင်း ထိခိုက်ပျက်စီးခဲ့သည့် မြို့တော်ခန်းမအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေများကို ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၇)ရပ်ကွက်၊ မြို့နယ်မီးသတ်စခန်းတွင် မီးငြှိမ်းသတ်ရေးယာဥ်များ၊ တပ်ဖွဲ့ဝင်များ၊ စက်ကိရိယာများနှင့် အသင့်အနေအထားတာဝန်ပေးအပ် ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်၊ နံနက် ၈ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၇)ရပ်ကွက်၊ မြို့နယ်မီးသတ်စခန်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အတွက် မီးငြှိမ်းသတ်ရေးယာဥ်များ၊ တပ်ဖွဲ့ဝင်များ၊ စက်ကိရိယာများနှင့် အသင့်အနေအထားတာဝန် ပေးအပ်ဆောင်ရွက်ထားရှိမှုများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ စုစုပေါင်းအင်အား ၁၅ ဦး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ယင်လုံအိမ်သာရာနှုန်းပြည့် ဆောက်လုပ်သုံးစွဲရေးအသိပညာပေး ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်၊ နံနက် ၉ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနား ခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ယင်လုံအိမ်သာရာနှုန်းပြည့် ဆောက်လုပ်သုံးစွဲရေးအသိပညာပေးဆွေးနွေးပွဲအခမ်းအနားသို့ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ လွယ်ခေါကျေးရွာအုပ်စု၊ (၂၁)မိုင်ပူးပေါင်း စစ်ဆေးရေးဂိတ်၌ တရားမဝင်ကုန်ပစ္စည်းများဝင်ရောက်မှုမရှိစေရေးအတွက် ကုန်ပစ္စည်းတင် မော်တော်ယာဉ်များအား ရှောင်တခင်စစ်ဆေး
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက် နံနက် ၉ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနား မြို့နယ်၊ လွယ်ခေါကျေးရွာအုပ်စု၊ (၂၁)မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေးအတွက် ကုန်ပစ္စည်းတင်မော်တော်ယာဉ်များအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်၍ ခရိုင်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ မြို့မရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းရှိ အဘိဓမ္မာရတနာဃရဗိမာန်တော်ကြီး၌ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုသည့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်း မြို့နယ်၊ မြို့မရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းရှိ အဘိဓမ္မာရတနာဃရဗိမာန်တော်ကြီး၌ ၂၀၂၆ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးရုံးမှဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက်၊ သာသနာ့ဗိမာန်တော်ကြီးတွင် စာဖြေသံဃာတော်များ/ သီလရှင်များနှင့် စာဖြေခန်းကြီးကြပ်ရေးဆရာတော်ကြီးများအား ဖျော်ရည်နှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း
၂၀၂၆ ခုနှစ်၊ မတ်လ ၂၉ ရက်၊ နေ့လယ် ၁ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက် သာသနာ့ဗိမာန်တော်ကြီးတွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ကျင်းပ ပြုလုပ်ခဲ့ရာ အဆိုပါစာမေးပွဲတွင် စာဖြေသံဃာတော်များ/ သီလရှင်များ ၂၉၀ ပါးနှင့် စာမေးပွဲကြီးကြပ်ရေး ဩဝါဒစရိယဆရာတော်ကြီးများ၊ စာဖြေခန်းကြီးကြပ်ရေးဆရာတော် ၄၀ ပါး၊ စုစုပေါင်း ၃၂၀ ပါး တို့အား ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်နှင့် ဇနီး၊ ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများမှ ဖျော်ရည်နှင့် ဝတ္ထုငွေစုစုပေါင်းတန်ဖိုးငွေကျပ် ၁,၂၄၀,၀၀ဝိ/-အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်
၂၀၂၆ ခုနှစ်၊ မတ်လ ၂၉ ရက်၊ မွန်းလွဲ ၁၂ နာရီတွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ မြို့ကျက်သရေဆောင်သမိုင်းဝင်ဆံတော်ရှင်ရွှေမြင်းဝန်စေတီတော်မြတ်ကြီး၏ သာသနာ့ဟိတကာရီ ဓမ္မဗိမာန်တော်၌သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ ဩဝါဒ စရိယဆရာတော်ကြီးများ၊ ကြီးကြပ်ရေးအဖွဲ့ဆရာတော်ကြီးများ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်သာသနာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်အတူ တက်ရောက် ခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကံ့ကော်ရပ်ကွက်ရှိ မြို့နယ်သာသနာ့ဗိမာန်တော်၌ ပါဠိပထမပြန်စာမေးပွဲတွင် သံဃာတော်များဓမ္မာစရိယစာမေးပွဲဖြေဆိုနေမှုအခြေအနေ များအား သွားရောက်ကြည့်ရှုခဲ့ပြီး ဝတ္တုငွေများ ဆက်ကပ်လှူဒါန်း
၂၀၂၆ ခုနှစ်၊ မတ်လ ၂၉ ရက်၊ မွန်းလွဲ ၁၂ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထို မြို့နယ်၊ ကံ့ကော်ရပ်ကွက်ရှိ မြို့နယ်သာသနာ့ဗိမာန်တော်၌ ၂၀၂၆ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမ ပြန်စာမေးပွဲတွင် သံဃာတော်များဓမ္မာစရိယစာမေးပွဲဖြေဆိုနေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်မှ သွားရောက်ကြည့်ရှုခဲ့ပြီး စာဖြေ ဆရာတော်များထံသို့ ဝတ္တုငွေများဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးနဒီခန်းမတွင် ကျင်းပပြုလုပ်သော အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မတ်လ ၂၉ ရက်၊ နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးနဒီခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီး အဆင့်သို့ သွားရောက်ယှဉ်ပြိုင်မည့် အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေး အလံပေးအပ်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ စုစုပေါင်းအင်အား ၈၀ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ တောင်ခြေလမ်းနှင့် နောင်ပလူးလမ်း ကိုယ်ထူကိုယ်ထကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်၊ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင် မြို့နယ်၊ ပင်လုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ တောင်ခြေလမ်းနှင့် နောင်ပလူးလမ်း (အရှည် ၂၃ဝဝ ပေ၊ အကျယ် ၁၂ ပေ)ကိုယ်ထူကိုယ်ထကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ လမ်းဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအစည်းအဝေးခန်းမ၌ ဟိုတယ်လုပ်ငန်းရှင်များ နှင့်တွေ့ဆုံ၍ တရားမ၀င်နိုင်ငံခြားသားများ နေထိုင်မှုမရှိစေရေးနှင့် online လောင်းကစားလိမ်လည်မှု ပပျောက်စေရေးအတွက် ရှင်းလင်းဆွေးနွေး
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်၊ နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ခရိုင် ရဲတပ်ဖွဲ့မှူးရုံးအစည်းအဝေးခန်းမ၌ ဟိုတယ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ တရားမ၀င်နိုင်ငံခြားသားများ နေထိုင်မှုမရှိစေရေးနှင့် online လောင်းကစားလိမ်လည်မှုပပျောက်စေရေးအတွက် အထက်ဌာနများမှ ညွှန်ကြားချက်များအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များမှ တည်းခိုခန်းလုပ်ငန်းရှင်းများအား ချပြရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →