သတင်းများ
သတင်းများ
ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီး ဌာနမှ ကျင်းပပြုလုပ်သည့် သက်ကြီးဘိုးဘွားများအား သွားတု(အံကပ်)တပ်ဆင်ခြင်း၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခွဲစိတ်ကုသခြင်းနှင့် သက်ကြီးဘိုးဘွားများအား အာဟာရလှူဒါန်းခြင်း
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး ခရိုင်ပြည်သူ့ဆေးရုံခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် သက်ကြီး ဘိုးဘွားများအား သွားတု(အံကပ်)တပ်ဆင်ခြင်း၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခွဲစိတ်ကုသခြင်းနှင့် သက်ကြီး ဘိုးဘွားများအား အာဟာရလှူဒါန်းခြင်းအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများနှင့်ကျွမ်းကျင် ဝန်ထမ်းများ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ကြီးဘိုးဘွားများ စုစုပေါင်းအင်အား ၁၀၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ ခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး၊ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်နှင့်လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်များ စုစုပေါင်းအင်အား ၄၅၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ဗထူးမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ ခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ဗထူးမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်အမျိုးသားတံခွန်စိုက်5x5(အလွတ်တန်း/ U-16 နှင့်3X3(U-16/ U-18) အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်သက်ဆိုင်ရာဌာနများမှတာဝန် ရှိသူများ၊ ပြိုင်ပွဲဝင်များ၊ ဖိတ်ကြားထားသူများ စုစုပေါင်းအင်အား ၁၅၀၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်ပြိုင်ပွဲဝင်များအား ထောက်ပံ့ငွေပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦး ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ထောက်ပံ့ငွေပေးအပ်သည့်အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ အုပ်ချုပ်/ ကြီးကြပ်/ ပံ့ပိုးသူများနှင့်ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ပြီး အုပ်ချုပ်/ ကြီးကြပ်/ ပံ့ပိုးသူ ၁၁ ဦး အတွက် တစ်ဦးလျှင် ၁၅ဝဝဝဝိ/-ကျပ်နှုန်းဖြင့် ၁၆၅ဝဝဝဝိ/-ကျပ်၊ ပြိုင်ပွဲဝင် ၉ ဦးအတွက် တစ်ဦးလျှင် ၂၅ဝဝဝဝိ/-ကျပ်နှုန်းဖြင့် ၂၂၅ဝဝဝဝိ/-ကျပ်၊ စုစုပေါင်းငွေ ၃၉ဝဝဝဝဝိ/-ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်လမ်းဦးစီးဌာန၏ ကျိုက်ပိကျေးရွာတောင်ပိုင်းနှင့် ရွာလယ်အောက်ပိုင်းဆက် လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်၊ နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်လမ်းဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျိုက်ပိကျေးရွာ တောင်ပိုင်းနှင့် ရွာလယ်အောက်ပိုင်းဆက်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ များအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် ခရိုင်/ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း၌ စားသုံးဆီများ သက်သာသောဈေးနှုန်းဖြင့်ခွဲဝေရောင်းချပေးခြင်းနှင့် ဝန်ထမ်းများအား အခမဲ့ထောက်ပံ့ပေးခြင်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်၊ မွန်းလွဲ ၁ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း၌ စားသုံးဆီများအား ခရိုင်အဆင့်ဌာနဆိုင်ရာများသို့ သက်သာသောဈေးနှုန်းဖြင့် ခွဲဝေရောင်းချပေးခြင်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား အခမဲ့ထောက်ပံ့ပေးခြင်းဆောင်ရွက်နေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား ၁၅ ဦးတို့ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် ခရိုင်၊ ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာကူညီပံ့ပိုးမှုဖြင့် ကျင်းပပြုလုပ်သည့် ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ ခရိုင်/ မြို့နယ်အဆင့်သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ဆရာ/ မများ၊ ကျောင်းသား/ သူများတက်ရောက်ခဲ့ပြီး ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်ရှိ အမှတ်(၁) ဈေးအတွင်းအပြင်အဆင့်မြှင့်တင်နိုင်ရေးနှင့် ပျံကျဈေးသည်များဈေးအတွင်း၌ စနစ်တကျရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်၊ နံနက် ၈ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်၊ မြိတ်လမ်းနှင့်ဇာဒတ်ကြီးကျွန်းလမ်းရှိ အမှတ်(၁) ဈေးအတွင်းအပြင်အဆင့်မြှင့်တင်နိုင်ရေးနှင့် ပျံကျဈေးသည်များ ဈေးအတွင်း၌စနစ်တကျရောင်းချနိုင်ရေး တို့အတွက် ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်သက်ဆိုင်ရာဌာနတာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ကရင်ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(လှာကမြင်)၌ ကျင်းပပြုလုပ်သည့် မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်၊ နံနက် ၈ နာရီတွင် ကရင်ပြည်နယ်အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(လှာကမြင်)၌ ပြည်နယ်ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီမှ ကြီးမှူးကျင်းပသည့် မိုဘိုင်းဖုန်း ပြုပြင်နည်းသင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေ၊ ပြည်နယ်အဆင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ သင်တန်းသားများ စုစုပေါင်းအင်အား ၇၀ ဦးတို့ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ကျောက်ဆည်မြို့၊ လမ်းဦးစီးရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် (၂၇)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်အဖွဲ့များအား ထောက်ပံ့ကြေးပေးအပ်သည့်အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ကျောက်ဆည်မြို့၊ လမ်းဦးစီးရိပ်သာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် (၂၇)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်အဖွဲ့များအား ထောက်ပံ့ကြေး ပေးအပ်သည့်အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဟိန်းအောင်သည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အဆင့်သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး ထောက်ပံ့ငွေ ၆၄ သိန်းကျပ်အား (၂၇)ကြိမ်မြောက် တိုင်းဒေသကြီးအဆင့်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်မည့် အဖွဲ့များသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ နည်းပညာတက္ကသိုလ်(မော်လမြိုင်)နှင့် မော်လမြိုင်တက္ကသိုလ်များ၌ ဝန်ထမ်းများ၏ မိသားစုဝင်များ၊ ကျောင်းသား/သူများ သက်သာချောင်ချိရေး အတွက် အခြေခံစားသောက်ကုန်များရောင်းချပေးနေမှုအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်၊ နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင် မြို့နယ်၊ မော်လမြိုင်မြို့၊ နည်းပညာတက္ကသိုလ်(မော်လမြိုင်)နှင့် မော်လမြိုင်တက္ကသိုလ်များ၌ ဝန်ထမ်းများ၏ မိသားစုဝင်များ၊ ကျောင်းသား/သူများ သက်သာချောင်ချိရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ စီမံ ဆောင်ရွက်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဘဲဥ၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုအခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ရန်ကုန်တိုင်းဒေသကြီး၊ စောရန်ပိုင်အရှေ့ရပ်ကွက်၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် အခြေခံပညာအဆင့်(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်၊ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံ မြို့နယ်၊ စောရန်ပိုင်အရှေ့ရပ်ကွက်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ အခြေခံပညာအဆင့်(၂၇)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ဆရာ/ မများ၊ ပြိုင်ပွဲဝင်ကျောင်းသား/ သူများ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →