သတင်းများ

ပညာရေး
06 Mar, 2026

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ အမှတ်(၄) ရပ်ကွက်နှင့်အမှတ်(၅) ရပ်ကွက်တွင်းရှိ စာသင်ကျောင်းများတွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ အမှတ် (၄) ရပ်ကွက်နှင့် အမှတ်(၅) ရပ်ကွက်အတွင်းရှိ စာသင်ကျောင်းများတွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းသည် ပြည်နယ် ပညာရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
ပညာရေး
06 Mar, 2026

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ အ.ထ.က (၈) ကျောင်း၌ G-12 တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ အ.ထ.က(၈)ကျောင်း၌ G-12 တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ စုစုပေါင်းအင်အား ၅၀ ဦး တက်ရောက်ခဲ့ပြီး ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပရာတွင် မေးခွန်း/ အဖြေလွှာများစနစ်တကျ ဆောင်ရွက်ရန်နှင့် ထူးခြားမှုရှိပါကအချိန်နှင့်တစ်ပြေးညီတင်ပြသွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
ဒေသဖွံ့ဖြိုးရေး
06 Mar, 2026

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်နှင့်ပမ္မတီးရပ်ကွက်ကြားရှိ ရေကြည်ချောင်းရေထိန်းတံခါးပေါက် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်၊ နေ့လယ် ၂ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်နှင့်ပမ္မတီးရပ်ကွက်ကြားရှိ ရေကြည်ချောင်းရေထိန်းတံခါးပေါက် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ခရိုင်တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးစစ်ဆေးရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့်ကော်မတီအဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေး ခဲ့ပြီး သတ်မှတ်ကာလအတွင်းအချိန်မီပြီးစေရေးနှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက် သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
ဒေသဖွံ့ဖြိုးရေး
06 Mar, 2026

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၁၈) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းရှိ BOC ဆီဆိုင်နှင့် OK ဆီဆိုင်တို့အား စက်သုံးဆီများစနစ်တကျရောင်းချစေရေး ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်၊ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၁၈) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းရှိ BOC ဆီဆိုင်နှင့် OK ဆီဆိုင်တို့အား စက်သုံးဆီများစနစ်တကျရောင်းချစေရေး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်လျှပ်စစ်ဦးစီးမှူး၊ မြို့နယ်အခွန်ဦးစီးမှူး၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
ပညာရေး
06 Mar, 2026

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ မယ်ဆွယ်မြောက်ရပ်ကွက် ဘုရင့်နောင်မိုးလုံလေလုံ အားကစားကွင်း၌ နွေရာသီအားကစားသင်တန်းများ သင်ကြားပို့ချနေမှုအခြေအနေများကို ကြည့်ရှုအားပေး

၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ မယ်ဆွယ်မြောက်ရပ်ကွက် ဘုရင့်နောင်မိုးလုံလေလုံအားကစားကွင်း၌ မူလတန်း/ အလယ်တန်း/ အထက်တန်းတွင် တက်ရောက်လျက်ရှိသည့် ဝန်ထမ်းမိသားစုဝင် ကျောင်းသား/ကျောင်းသူသင်တန်းသား(၂၅)ဦးအား နွေရာသီအားကစားသင်တန်းများဖြစ်သည့် ကြက်တောင်ရိုက်၊ စားပွဲတင်တင်းနစ်နှင့် ကရာတေးအားကစား သင်တန်းများ သင်ကြားပို့ချနေမှုအခြေအနေများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
လူမှုရေး
06 Mar, 2026

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ မြို့ပေါ်ရပ်ကွက်များသို့ နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲစာရင်းများပိုမိုပြည့်စုံစေရေး စာရင်းများတိုက်ဆိုင်စစ်ဆေးနေမှုအား ကွင်းဆင်း စစ်ဆေး

၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်၊ နံနက် ၁၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်း မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များသို့ နောင်ကျင်းပမည့်ရွေးကောက်ပွဲများတွင် မဲစာရင်းများပိုမိုပြည့်စုံ မှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးတို့အတွက် ရပ်ကွက်များအတွင်း မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့များမှ စာရင်းပြုစုစစ်ဆေး ဆောင်ရွက်နေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သာသနာရေး
06 Mar, 2026

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ မြသလွန်စေတီတော်ရင်ပြင်တော်၌ ကျင်းပပြုလုပ်သည့် မြသလွန်စေတီတော် ဗုဒ္ဓဇယန္တိဗိမာန်တော်ဖွင့်ပွဲနှင့်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်၊ နံနက် ၇ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ မြသလွန်စေတီတော်ရင်ပြင်တော်၌ ကျင်းပပြုလုပ်သည့် မြသလွန်စေတီတော်ဗုဒ္ဓဇယန္တိ ဗိမာန်တော်ဖွင့်ပွဲနှင့်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘုရားဖူး ပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
ဒေသဖွံ့ဖြိုးရေး
06 Mar, 2026

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်များတွင် စက်သုံးဆီများ စနစ်တကျရောင်းချစေရေး၊ ဆီပြတ်လပ်မှုမရှိစေရေးနှင့် ဆီသိုလှောင်ကန်များ ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်၊ မွန်းလွဲ ၁၂ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများ စနစ်တကျ ရောင်းချစေရေး၊ ဆီပြတ်လပ်မှုမရှိစေရေးနှင့် ဆီသိုလှောင်ကန်များထားရှိမှုအခြေအနေများအား ခရိုင် စက်သုံးဆီကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး နှင့် ကော်မတီဝင်များမှ ကွင်းဆင်း ကြည့်ရှုစစ်ဆေး၍ မီးဘေးအန္တရာယ်မဖြစ်စေရေး ဂရုစိုက်ဆောင်ရွက်ရန်နှင့်လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
ဒေသဖွံ့ဖြိုးရေး
06 Mar, 2026

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်များတွင် စက်သုံးဆီများ စနစ်တကျရောင်းချစေရေး၊ ဆီပြတ်လပ်မှုမရှိစေရေးနှင့် ဆီသိုလှောင်ကန်များ ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်၊ မွန်းလွဲ ၁၂ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများ စနစ်တကျ ရောင်းချစေရေး၊ ဆီပြတ်လပ်မှုမရှိစေရေးနှင့် ဆီသိုလှောင်ကန်များထားရှိမှုအခြေအနေများအား ခရိုင် စက်သုံးဆီကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး နှင့် ကော်မတီဝင်များမှ ကွင်းဆင်း ကြည့်ရှုစစ်ဆေး၍ မီးဘေးအန္တရာယ်မဖြစ်စေရေး ဂရုစိုက်ဆောင်ရွက်ရန်နှင့်လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
အခမ်းအနားများ
04 Mar, 2026

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ မရမ်းချောင်းကျေးရွာတွင် ကျင်ပပြုလုပ်လျက်ရှိသည့် (၆၄)နှစ်မြောက်တောင်သူလယ်သမားနေ့ (စတုတ္ထနေ့)အခမ်းအနားသို့တက်ရောက်

၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက်၊ နံနက် ၁၀ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ မရမ်းချောင်းကျေးရွာတွင် ကျင်ပပြုလုပ်လျက်ရှိသည့် (၆၄)နှစ်မြောက်တောင်သူလယ်သမားနေ့အခမ်းအနား (စတုတ္ထနေ့) အစီအစဉ်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရည်မွန်နှင့်အဖွဲ့ ဝင်များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

အပြည့်အစုံဖတ်ရန် →
အခမ်းအနားများ
03 Mar, 2026

ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ဘားအံမြို့၊ လူငယ်စင်တာ၌ကျင်းပပြုလုပ်သည့် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့်ဖွင့်လှစ်သော ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်၊ နံနက် ၉ နာရီတွင် ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ဘားအံမြို့၊ လူငယ်စင်တာ၌ ကျင်းပပြုလုပ်သည့် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဖွင့်လှစ်သော ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေ၊ ပြည်နယ်/ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
အခမ်းအနားများ
03 Mar, 2026

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၊ ပြည်နယ်အားကစားကွင်း၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့မှ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်၊ နံနက် ၉ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၊ ပြည်နယ်အားကစားကွင်း၌ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ် ပညာရေးမှူးရုံးတို့မှ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်း၊ ပြည်နယ်/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →