သတင်းများ

သတင်းများ
23 Apr, 2026

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ မြို့မဈေးနှင့် နန်းဖာလုံဈေးတို့တွင် မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဈေးအရန်မီးသတ်တပ်ဖွဲ့ဝင်များကို အသိပညာပေးသင်တန်း ပို့ချနေမှုအား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်၊ နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူး မြို့နယ်၊ မြို့မဈေးနှင့် နန်းဖာလုံဈေးတို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဈေးအရန် မီးသတ်တပ်ဖွဲ့ဝင်များကို အသိပညာပေးသင်တန်းပို့ချနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ဈေးအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
23 Apr, 2026

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တက္ခပညာ ခန်းမ၌ ကျင်းပပြုလုပ်သည့် ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း အမှတ်စဉ်(၂) “သင်တန်း ဖွင့်ပွဲအခမ်းအနား” သို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်၊ နံနက် ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တက္ခပညာခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်တွင်ဖွင့်လှစ်သော ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း အမှတ်စဉ်(၂) “သင်တန်းဖွင့်ပွဲအခမ်းအနား” သို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးအောင်ချို၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
23 Apr, 2026

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာအုပ်စု၌ လေပြင်းတိုက်ခတ်မှုကြောင့် အထက(ခွဲ)ကျောင်း၊ လမ်းဘေးဝဲ/ယာရှိသစ်ပင်များ၊ လျှပ်စစ်မီးတိုင်များ ပျက်စီးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ ခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာအုပ်စု၌ လေပြင်းတိုက်ခတ်မှုကြောင့် အထက(ခွဲ)နှင့် လမ်းဘေးဝဲ/ယာရှိသစ်ပင်များ၊ လျှပ်စစ်မီးတိုင်များ ပျက်စီးနေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်း ရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
23 Apr, 2026

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဖြူဘကျေးရွာအုပ်စု၊ ကွင်းအမှတ် (၇၇၂)၊ တောင်သူဦးသန်းထွန်း၏ လယ်မြေ၌ ကျင်းပပြုလုပ်သည့် ရေဆင်းပေါ်ဆန်း(၁၊ ၂) စပါးမျိုးသစ်များ ဒေသနှင့်ကိုက်ညီမှုရှိ/မရှိ စမ်းသပ်စိုက်ခင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ဖြူဘကျေးရွာအုပ်စု၊ ကွင်းအမှတ် (၇၇၂)၊ တောင်သူဦးသန်းထွန်း၏ လယ်မြေ၌ ကျင်းပပြုလုပ်သည့် ရေဆင်းပေါ်ဆန်း(၁၊ ၂) စပါးမျိုးသစ်များ ဒေသနှင့်ကိုက်ညီမှုရှိ/မရှိ စမ်းသပ်စိုက်ခင်း ကွင်းသရုပ်ပြပွဲနှင့် ပြည်နယ်၀န်ကြီးချုပ် ဦးအောင်၀င်းသန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူလယ်သမားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
23 Apr, 2026

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ခရိုင်စုပေါင်းရုံး၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်၊ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ၄/၆ဗြဟ္မစိုရ်လမ်းနှင့် သီလလမ်းထောင့်ရှိ ခရိုင်စုပေါင်းရုံး၌ ရပ်ကွက်နေပြည်သူများအား မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်း၊ ဇာတ်တိုက် လေ့ကျင့်ခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ သရုပ်ပြပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခန်း (Fire Drill)ဆောင်ရွက်နေမှုများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးထိုက်နှင့် အဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးမှူးများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
23 Apr, 2026

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် Unique ID နံပါတ်ထုတ်ပေးနေမှုအား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက်၊ နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ခရိုင်/မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ကြီးမှူး၍ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် Unique ID နံပါတ် ထုတ်ပေးနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့် ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်ကြည့်ရှုခဲ့ပြီး အသက် ၁၀ နှစ်ပြည့်၊ ၁၈ နှစ်ပြည့်ပြီး ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်များ ပြုလုပ်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
22 Apr, 2026

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်ရှိ မြို့လယ်ဓမ္မာရုံနှင့်စီမံကိန်းဝန်ထမ်းအိမ်ရာတွင် ဝန်ထမ်းများနှင့်ပြည်သူများအတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့ထားသော ဆန်နှင့်အခြေခံ စားသောက်ကုန်များ သိုလှောင်ထိန်းသိမ်းထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်၊ နံနက် ၉ နာရီတွင် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲ မြို့နယ်ရှိ မြို့လယ်ဓမ္မာရုံနှင့် စီမံကိန်းဝန်ထမ်းအိမ်ရာတွင် ဝန်ထမ်းများနှင့်ပြည်သူများအတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့ထားသော ဆန်နှင့်အခြေခံစားသောက်ကုန်များ သိုလှောင်ထိန်းသိမ်း ထားရှိမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
22 Apr, 2026

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျဆုံးခဲ့သည့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့်ဆယ်အိမ်မှူးတို့၏မိသားစုများထံသို့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်း

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်၊ နံနက် ၈ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီ မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေးမှ သပြေကုန်းကျေးရွာအုပ်စု၊ မဒေါ့ကျေးရွာ၊ ရာအိမ်မှူး ဦးစိုးလေး၊ အုန်းပင်ပေါက်ကျေးရွာ ဆယ်အိမ်မှူး ဦးသိန်းနိုင်နှင့် ကြို့ပင်ကောက်မြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ အုပ်စုမှအုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းမြင့်(ကျဆုံး)တို့၏ သက်ဆိုင်ရာမိသားစုများထံသို့ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ၂-၃-၂၀၂၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၄၃/၂၀၂၆) ဖြင့် ချီးမြှင့်အပ်နှင်းခြင်းခံရသည့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
22 Apr, 2026

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်(တိုက်ကြီး)တွင် ပင်စင်ထုတ်ယူနေသည့် အငြိမ်းစားဝန်ထမ်းများအား စားအုန်းဆီများရောင်းချပေးနေမှုနှင့် အပူရှောင်ရန် နေရာများပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်(တိုက်ကြီး)တွင် ပင်စင်ထုတ်ယူနေသည့် အငြိမ်းစားဝန်ထမ်း ၇၀၀ ဦးအား တိုင်းဒေသကြီးစားအုန်းဆီဖြန့်ဖြူးရောင်းချရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် စားအုန်းဆီ များရောင်းချပေးနေမှု၊ အပူရှောင်ရန်အတွက်အပူရှောင်တဲများဆောင်ရွက်ပေးထားမှု၊ ရေသန့်ဘူး၊ ဓာတ်ဆားထုပ်နှင့်ပေါင်မုန့်များအား အာဟာရဒါနအဖြစ်လှူဒါန်းနေမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးအတွက် စီစဥ်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသူအောင်နှင့်အဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေး၍လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
22 Apr, 2026

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ အိမ်ထောင်စုဇယားပုံစံ(၁၀)နှင့် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ် ဆောင်ရွက်ပေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်၊ နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ပြည်သူများ အတွက် နိုင်ငံတော်အစိုးရ၏ရက်(၁၀၀)စီမံချက်အစီအစဉ်ဖြင့် အိမ်ထောင်စုဇယားပုံစံ(၁၀)နှင့် နိုင်ငံသား စိစစ်ရေးကတ်များပြုလုပ်ဆောင်ရွက်ပေးနေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
22 Apr, 2026

လပွတ္တာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးနေမှု၊ အခမဲ့ကျန်းမာရေးစစ်ဆေးပေးနေမှုနှင့် ချိုသာသော ဈေးနှုန်းဖြင့် စားသောက်ကုန်များရောင်းချပေးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်၊ နံနက် ၈ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးနေမှု၊ အခမဲ့ကျန်းမာရေးစစ်ဆေးပေးနေမှုနှင့်ချိုသာသောဈေးနှုန်းဖြင့် ဆန်၊ ဆီ၊ ဝက်သားနှင့်ကြက်ဥများ ရောင်းချပေးနေမှု အခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
21 Apr, 2026

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည့် မြစ်ကြီးနားခရိုင်၌ ဓာတ်အားပြတ်တောက်နေသည့် ကာလအတွင်း ပြည်သူများအခက်အခဲဖြစ်ပေါ်မှု လျော့နည်းစေရေးအတွက် တွေ့ဆုံပွဲကျင်းပပြုလုပ်

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်၊ နံနက် ၇ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည့် မြစ်ကြီးနားခရိုင်၌ ဓာတ်အားပြတ်တောက်နေသည့် ကာလအတွင်း ပြည်သူများအခက်အခဲဖြစ်ပေါ်မှု လျော့နည်းစေရေး အချိန်နှင့်တစ်ပြေးညီ ပေါင်းစပ် ဆောင်ရွက်ပေးနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်၍ ခရိုင်ကွပ်ကဲရေးရုံးအဖွဲ့၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →